မလေးရှားငလျင် ပျောက်ဆုံး ၈ ဦးကို ရဟတ်ယာဉ်ဖြင့် ဆက်လက်ရှာဖွေ

June 19, 2015

မလေးရှားရေနံတင်သင်္ဘော ပြန်ပေးဆွဲခံရဟု အတည်ပြု

ပြီးခဲ့တဲ့တပတ်က ပျောက်ဆုံးနေခဲ့တဲ့ မလေးရှားရေနံတင်သင်္ဘောဟာ ဗီယက်နမ်ရေပိုင်နက်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး ပြန်ပေးဆွဲခံထားရတယ်လို့ မလေးရှားရေတပ်အာဏာပိုင်တွေက ဇွန် ၁၈ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။ ကွာလာလမ်ပူမြို့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားရေတပ် ဒုဗိုလ်ချုပ် အာမက်ပူဇီ (Ahmad Puzi) က အခုလို ပြောဆိုလိုက်ပြီး အော်ကင်ဟာမိုနီ (Orkim Harmony)  သင်္ဘောဟာ ရေတပ်သင်္ဘောတစီးခြံရံပြီး တောင်ဘက်ကို ပြန်လည်ခုတ်မောင်းလာပြီလို့ ပြောဆိုပါတယ်။ သြစတြေးလျလေတပ်က သင်္ဘောကို အရင်တွေ့ရှိခဲ့တာဖြစ်ပြီး ပင်လယ်ဓားပြတွေနဲ့ မလေးရှာ ရေတပ်တို့ ဆွေးနွေးညှိနှိုင်းနေပြီး ဓားပြတွေကို အေးဆေးဆေးဆေးလက်နက်ချဖို့ တိုက်တွန်းထားတယ်လို့ ဒုဗိုလ်ချုပ် ပူဇီက ပြောဆိုပါတယ်။ [caption id="attachment_98561" align="alignright" width="383"]ဒုဗိုလ်ချုပ် အာမက်ပူဇီ ဒုဗိုလ်ချုပ် အာမက်ပူဇီ[/caption] “အတွေ့အကြုံတွေအရပြောရရင် သင်္ဘောပေါ်မှာ ပင်လယ်ဓားပြတွေနဲ့ ရုတ်ရုတ်သဲသဲမဖြစ်ဘူးဆိုရင် သင်္ဘောသားတွေရော၊ သင်္ဘောပါ ဘေးကင်းလုံခြုံ တယ်လို့ ယုံကြည်ရတယ်။” ရေနံတန်ချိန် ၇၃၀၀ တင်ဆောင်နိုင်တဲ့ ဒီသင်္ဘောဟာ ဇွန်လ ၁၁ ရက်နေ့က မလေးရှားနိုင်ငံ တောင်ပိုင်း ဂျိုဟာ (Johor) ဆိပ်ကမ်းကနေ နိုင်ငံအလယ်ပိုင်းက  ကွမ်တန်မြို့ (Kuantan) ကို ခုတ်မောင်းစဉ် ပြန်ပေးဆွဲခံရတာဖြစ်ပြီး ၂ ပတ်အတွင်း ဒုတိယမြောက်သင်္ဘောတစီး ပြန်ပေးဆွဲခံခဲ့ရတာပါ။ မလေးရှားသင်္ဘောကုမ္ပဏီတခုထဲက သင်္ဘော ၂ စီး လမ်းကြောင်းတခုတည်း၊ တနေရာမှာပဲ ပြန်ပေးဆွဲခံရတာဖြစ်လို့ အရှေ့တောင်အာရှပင်လယ်ပြင်ရဲ့ ဘေးကင်းလုံခြုံမှုအပေါ် စိုးရိမ်မှုတွေဖြစ်ခဲ့ကြပါတယ်။ ဒီသင်္ဘောပေါ်မှာ သင်္ဘောဝန်ထမ်းအားလုံး ၂၂ ဦးပါဝင်ပြီး မလေးရှား ၁၆ ယောက်၊ အင်ဒို ၅ ယောက်နဲ့ မြန်မာ ၁ ယောက် ပါဝင်ပါတယ်။
6 years Ago

June 7, 2015

မလေးရှားငလျင် ပျောက်ဆုံး ၈ ဦးကို ရဟတ်ယာဉ်ဖြင့် ဆက်လက်ရှာဖွေ

မလေးရှားရဲ့ အမြင့်ဆုံး တောင်ဖြစ်တဲ့ ကီနာဘူလူ တောင်ပေါ်ဒေသမှာ ဇွန် ၅ ရက်နေ့က ပြင်းအား  ၆ ရှိတဲ့ ငလျင်လှုပ်ပြီးနောက် မြေပြိုမှုအတွင်း တောင်တက်သမား ၈ ယောက် ပျောက်ဆုံးနေတဲ့အတွက်  ကယ်ဆယ်ရေး ရဟတ်ယာဉ်တစင်းကို ဇွန် ၆ ရက်နေ့က စေလွှတ်ထားပါတယ်။ ဘော်နီယို ကျွန်းပေါ်က တောင်ပေါ်ဒေသမှာ ငလျင်လှုပ်ပြီးနောက် ပိတ်နေတဲ့ တောင်တက်သမား ၁၃၇ ယောက်လုံးကို ဘေးကင်းရာ ပို့ဆောင်ပေးလိုက်ပြီလို့ ပြည်နယ် ခရီးသွားဝန်ကြီးက ဇွန် ၆ ရက်နေ့မှာ ပြောပါတယ်။ ပိတ်မိနေတဲ့ တောင်တက်သမားတွေထဲမှာ မလေးရှား ၁၁၇ ယောက်၊ စင်ကာပူ ၃၈ ယောက်၊ အမေရိကန် ၅ ယောက်၊ ဒတ်ခ်ျ ၄ ယောက်၊ ဗြိတိန် ၃ ယောက်၊ ပြင်သစ် ၂ ယောက်၊ သြစတြေလျ ၂ ယောက် ပါဝင်ပါတယ်။ ဘယ်လဂျီယန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကာဇက်စတန်၊ အိန္ဒိယ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဒိန်းမတ်၊ တရုတ်နိုင်ငံတို့က ကမ္ဘာ့လှည့်ခရီးသွားတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။ သေဆုံးသူ ၁၁ ယောက်ထဲမှာ အသက် ၁၂ နှစ်အရွယ် စင်ကာပူ ကျောင်းသူတယောက်နဲ့ နယ်ခံ လမ်းပြတယောက်တို့ကို အတည်ပြုနိုင်ပြီး ကျန်သူတွေကတော့ ဘယ်သူဘယ်ဝါဆိုတာ စိစစ်ဆဲဖြစ်ပါတယ်။ [gallery ids="96410,96411,96412,96413"]
6 years Ago
Up