မလေးရှားနဲ့ပွဲမှာ သရေကျရင် အကြိုဗိုလ်လုပွဲတက်မှာဖြစ်ပေမယ့် အနိုင်ရဖို့ပဲ ပစ်မှတ်ထားကစားမယ်လို့ မြန်မာနည်းပြ ဂတ်ဇီဆီက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မလေးရှားအသင်းဟာ ဗီယက်နမ်နဲ့ပွဲမှာ ရှုံးခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့ပြီး မြန်မာနဲ့ပွဲအတွက်လည်း သေချာပြင်ဆင်ထားမှာဖြစ်လို့ လျှော့တွက်မှာမဟုတ်ဘူးလို့လည်း မြန်မာနည်းပြက ပြောပါတယ်။
မလေးရှားနဲ့ပွဲမှာ သရေရလဒ်အတွက် အဓိကထား ကစားမယ်ဆိုရင် ရှုံးသွားနိုင်တဲ့အတွက် အနိုင်ရဖို့ သေချာပြင်ဆင်ထားတယ်လို့လည်း နည်းပြဂတ်က ဆိုပါတယ်။
မလေးရှားနည်းပြ အိုကင်ဆွီးကတော့ မြန်မာအသင်းက မာကျောတဲ့ ကစားပုံနဲ့ လျှင်မြန်မှုရှိတဲ့အပြင် အိမ်ရှင်အခွင့်အရေးလည်း ရှိတာကြောင့် ခက်ခဲနိုင်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ရလဒ်ကောင်းရဖို့ လိုတဲ့အတွက် အနိုင် ၃ မှတ်ရဖို့ ကြိုးစားသွားမယ်လို့ မလေးရှားနည်းပြက ပြောပါတယ်။
မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ရဲ့ အုပ်စုနောက်ဆုံးပွဲကို နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး မြန်မာအသင်းက သရေရလဒ်ရရုံနဲ့ အကြိုဗိုလ်လုပွဲတက်မှာ ဖြစ်ပါတယ်။
4 years Ago