မေလကုန်

A d v e r t i s e m e n t With Us

December 24, 2020

ကိုးကန့်ကကြံများ တရုတ်နိုင်ငံကို မေလကုန်နောက်ဆုံးထား တင်ပို့ရေး ဆွေးနွေး

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကြံများ တရုတ်နိုင်ငံကို မေလကုန်နောက်ဆုံးထား တင်ပို့နိုင်ဖို့ တရုတ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံ၊ လင်ချန်းမြို့ ပြည်သူ့အစိုးရအဖွဲ့နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တို့ ချင်း‌‌ရွှေဟော်မြို့၊ နှစ်နိုင်ငံ နယ်စပ်မှာ ဒီဇင်ဘာ ၂၂ နေ့က တွေ့ဆုံခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ အတူတကွပူးပေါင်းဆောင်ရွက်ရေးနဲ့ ကြံသယ်ယူပို့ဆောင်မှု အချိန်မီပြီးစီးရေးကိစ္စရပ်တွေကို ညှိနှိုင်းဆွေး‌နွေးခဲ့ကြတာပါ။ ကိုဗစ်-၁၉ ရောဂါကို နှစ်ဦးနှစ်ဘက်က ထိန်းချုပ်ကြဖို့ ရည်ရွယ်ပြီး ပြည်တွင်းပြည်ပက ကြံတွေကို မိုးမကျမီ မေလကုန်အပြီးတင်သွင်းပေးဖို့နဲ့  လူအဝင်မရှိရေး၊ ကုန်ကားတွေ နယ်စပ်မှာ တစ်ဆို့မနေအောင် ပြင်ဆင်မှုတွေ ပြုလုပ်ကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာ အခြားဒေသက လုပ်သားတွေကို ခေါ်ယူဖို့ မဖြစ်နိုင်တာကြောင့် ဒီနှစ်မှာ ဒေသခံလုပ်သားတွေ လုပ်ကိုင်မယ်လို့ ပြောပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကြံသီးနှံအား အဓိကထားစိုက်ပျိုးနေပြီး၊ တရုတ်နိုင်ငံကို ကြံ တင်ပို့မှုဟာ ၂၀၁၉ ခုနှစ်မှာ တန်ချိန် ၃၉၀၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ ၂၀၂၀ မှာ ဧကပေါင်း ၁၄၀၀၀ လောက် စိုက်ပျိုးထားပြီး အထွက်နှုန်း တန်ချိန် ၄ သိန်းဝန်းကျင်ရှိမယ် လို့ သိရပါတယ်။ နန်းစံပယ်
2 months Ago

June 20, 2020

ဇန်နဝါရီလဆန်းမှ မေလကုန်အထိ သွေးလွန်တုပ်ကွေးဖြစ်သူ ၁၅၀၀ ခန့်ရှိ၊ ၁၁ ဦး သေဆုံး

မြန်မာနိုင်ငံတဝန်းမှာ ဇန်နဝါရီလဆန်းကနေ မေလကုန်အထိ သွေးလွန်တုပ်ကွေးဖြစ်သူ ၁၅၀၀ လောက်ရှိပြီး ၁၁ ယောက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ အယောက် ၃၀၀ ဖြစ်ပြီး ၃ ယောက် သေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းက ချောင်းဦးမြို့နယ်၊ ယင်းမာပင်နဲ့ ဘုတလင်မြို့နယ်၊ မွန်ပြည်နယ်က မော်လမြိုင်နဲ့ ပေါင်မြို့နယ်၊ မကွေးတိုင်းက ပခုက္ကူ၊ မန္တလေးတိုင်းက မြင်းခြံနဲ့ ချမ်းမြသာစည်မြို့နယ်တို့မှာ အယောက် ၃၀ ကျော် ဖြစ်ခဲ့ကြပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ဒီနှစ်ပိုင်းတွေထဲ ၂၀၁၇ ခုနှစ်တုန်းက သွေးလွန်တုပ်ကွေး အများဆုံးဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်က ဒုတိယအများဆုံး ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးအများဆုံးဖြစ်တဲ့ရာသီကတော့ မိုးရာသီဖြစ်ပြီး တချို့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တနှစ်ပတ်လုံး ဖြစ်တတ်ပါတယ်။ မနှစ်က ၂၀၁၉ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာနောက်ဆုံးပတ်အထိ သွေးလွန်တုပ်ကွေး ဖြစ်သူ ၂၅,၀၀၀ လောက်ရှိပြီး ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်။ အဖြစ်အများဆုံးကတော့ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ ဖြစ်ပြီး ကချင်ပြည်နယ်မှာ ၄,၂၂၂ ယောက်ဖြစ်ပြီး သေဆုံးသူ အယောက် ၃၀၊ ရန်ကုန်တိုင်းမှာ ၂,၈၀၄ ယောက် ဖြစ်ပြီး သေဆုံးသူ ၃၃ ယောက်ရှိပါတယ်။ သွေးလွန်တုပ်ကွေးဟာ အရင်က အသက် ၁၅ နှစ်အောက်တွေမှာ အဖြစ်များပေမယ့် ခုတော့ အသက်အရွယ်မရွေး ဖြစ်နေပြီး အေဒီးစ်ခြင်ကျား ကိုက်ခံရတာကြောင့် ဖြစ်ပါတယ်။ ပြီးတော့ သွေးလွန်တုပ်ကွေးဟာ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးလက္ခဏာ တွေနဲ့ မကွာခြားလို့ ဂရုစိုက်ဖို့လိုတယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။ စိုးရိမ်ရတဲ့လက္ခဏာတွေကတော့ ၂ ရက်ကနေ ၇ ရက်လောက်အထိဖျားပြီး ဂနာမငြိမ် ဖြစ်တာ၊ မှိန်းတာ၊ ခြေလက် အေးစက်တာ၊ အစာ/ရေ မဝင်လောက်အောင် အန်တာ၊ ကော်ဖီရောင်အရည် အန်တာ၊ ဝမ်းမည်းမည်းသွားတာ၊ ကိုယ်ပူချိန် ရုတ်တရက်ကျသွားတာတွေ ဖြစ်ပြီး ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားဖို့ တိုက်တွန်းထားပါတယ်။ ရောဂါကို ကာကွယ်နိုင်ဖို့ အတွက်ကတော့ ခြင်မကိုက်အောင် နေဖို့နဲ့ ခြင်ကို နှိမ်နင်းဖို့ လိုပါတယ်။
8 months Ago
Up