မနော

March 8, 2019

ရက်ပိုင်းအတွင်း ကြည့်ရှုသူ ၆ သိန်းကျော်ရှိသည့် မနော၏ သင်္ကြန်သီချင်းသစ်(ရုပ်သံ)

“ဆံထုံးကေသာ ဆံနွယ်ကြော့မှာ… ပိတောက်ပန်းကို ပန်လို့ထားတာ… ရင်ဖုံးအ ကျီင်္မှာ ဇာကွက်ဆန်းအ၀ါ… ဆင်မြန်းထားတာ… မြင်ရသူကို ငေးမောလောက်စရာ… ဒီ သင်္ကြန်မှာ အလှတွေ ဝေေ၀ဆာဆာ… မြန်မာတို့ရဲ့ ရိုးရာပွဲမှာ… မြန်မာအလှနဲ့ အက,က လိုက်ဖက်စွာ” ဒါကတော့ လတ်တလောထွက်ရှိလာတဲ့ တေးသံရှင် မနောရဲ့ သင်္ကြန်သီချင်းသစ် တပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။ မကြာခင်မှာ ကျရောက်တော့မယ့် မြန်မာ့ရိုးရာသင်္ကြန်ပွဲအမီထွက်ရှိလာတဲ့ ဒီသီ ချင်းကိုတော့ မနောက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတ ဆင့် မျှဝေထားခဲ့ပြီး ခုလိုရေးသားထားခဲ့တာကို တွေ့ရပါတယ်။ “တင်ပြီနော် သင်္ကြန်သီချင်းအသစ်လေး အားပေးဦးဗျို့ ချစ်တုန်းတို့ သာယာချမ်း မြေ့ပါစေဗျားးး😍😍 🏆🏆 မောင်မနော 🏆” ဒီသီချင်းထဲမှာတော့ မနောရဲ့ သီဆိုမှုနဲ့အတူ ရွှေဝါရောင် သင်္ကြန်အလှမယ်လေး တွေရဲ့ အကအလှတွေကိုပါ ရိုက်ကူးပုံဖော်ပေးထားခဲ့တာကို တွေ့ရမှာဖြစ်ပြီး သင်္ကြန်သီ ချင်းတွေရဲ့ ထုံးစံအတိုင်း မြူးကြွတဲ့ သံစဉ်တွေနဲ့ ပရိသတ်တွေက ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ “မြန်မာ့ရိုးရာ ဆင်ယင်ထုံးဖွဲ့ သင်္ကြန်မယ်လေးများ အလှပြိုင်လို့ရယ်… ညင်သာ စွာ ပေါင်းစုလို့ ကနေဟန်ရယ်… နူးညံ့လွန်းတယ်… သိမ်မွေ့လွန်းတယ်… ပျော့ပျောင်း ဖော့ဖယောင်းလို… နတ်ဘုံနတ်နန်း ထင်မှားလောက်စရာကွယ်” သင်္ကြန်မယ် လှသူဇာလို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေးဆရာ သ ဟာအောင်က ရေးစပ်ပေးထားခဲ့တာဖြစ်ပါတယ်။ မနောရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ မိချောသီချင်းဟာလည်း ပြီးခဲ့တဲ့ နှစ်တွေတုန်းက တ ကယ့်ကို ရေပန်းစားခဲ့တဲ့ သီချင်းတပုဒ်ဖြစ်တာမို့ ခုထွက်ရှိလာတဲ့ သီချင်းကရော ဘယ် လောက်အထိ ပရိသတ်တွေ လက်ခံအားပေးကြမလဲဆိုတာကိုတော့ စောင့်ကြည့်ကြရ မှာပဲ ဖြစ်ပါတယ်။ “အတာရေ ပက်ဖြန်း… လန်းဆန်းလို့ရယ်… အပြုံးကိုယ်စီနဲ့ ကဟန်က ချစ်စရာ ကွယ်… အတာရေ ပက်ဖြန်း လန်းဆန်းလို့ရယ်… အပြုံးကိုယ်စီနဲ့ ကဟန်က ချစ်စရာ ကွယ်… သင်္ကြန်မယ် အလှသူဇာရယ်… ရင်ခုန်မိပါတယ်… နောင်လည်းတွေ့ချင်တယ်… နောင်နှစ်ခါလည်း ဆုံချင်သေးတယ်” လတ်တလောမှာတော့ ဒီသီချင်းဟာ အွန်လိုင်းပေါ်မှာ ရေပန်းစားနေပြီး လက်ရှိအ ချိန်ထိ ဒီသီချင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရက်ပိုင်းအတွင်း ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သိန်း ကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။
3 years Ago

January 24, 2019

သင်ဇာဝင့်ကျော်နှင့် မနောတို့သရုပ်ဆောင်ထားသည့် ကြော်ငြာ ပရိသတ်ကြား ရေပန်းစား(ရုပ်သံ)

“သမုဒ္ဒရာကြီးက ပြောတယ်… ရေပြင်ကျယ်ဟာ သူ့ရဲ့အဖော်ပဲ… တောင်တန်း ကြီးက ပြောတယ်… စမ်းချောင်းလေးတွေကို ချစ်တယ်… ကောင်းကင်ကြီးက ပြောတယ် … တိမ်ရောင်စုံဟာ သူ့ရဲ့အဖော်ပဲ… ကြယ်လေးများက ပြောတယ်… လမင်းမရှိရင် ငိုချင် တယ်” ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တေးသံရှင် မနောရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ အချစ်စစ်ရဲ့ တန်ဖိုးအမည်ရ သီချင်းစာသားတွေမှန်း ရင်းနှီးကြပြီး ဖြစ်မှာပါ။ ဒါပေမယ့် ဒီ တခါမှာတော့ ဒီသီချင်းကို ကြော်ငြာသီချင်းတပုဒ်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကြော်ငြာထဲမှာတော့ မနောက နာမည်ကြီး သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်နဲ့ အတူတွဲဖက်ပြီး ထူးထူးခြားခြား သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ “ထာဝရကိုယ့်ရင်ခွင်မှာ မင်းလေးနေပါ… ကိုယ်ဟာမင်းရဲ့ အမြဲတမ်းပဲ အဖော်မွန်ပါ… မြတ်နိုးလွန်းလို့ ချစ်တာ… တန်ဖိုးထားပြီး ချစ်တာ” အလန်းစား ညှို့အားပြင်းဓာတ်ပုံတွေနဲ့ ပရိသတ်ကို ဖမ်းစားလေ့ရှိတဲ့ မင်းသမီး သင်ဇာဝင့်ကျော်နဲ့ မနောတို့ တွဲဖက်ပြီး ပိုးထည်အဆင်ဆန်းတွေနဲ့ မြန်မာဆန်ဆန် ၀တ် ဆင်ထားကြပြီး ရိုက်ကူးထားခဲ့တဲ့ မြတ်ပန်းသခင်ပိုးထည်ဆိုင်ကြော်ငြာ ရုပ်သံဟာ လတ် တလောမှာတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ “ယုံကြည်ပါ နောက်ဆုံးတနေ့ထိ… လက်တွဲမဖြုတ်ဘူး မင်းနားနေမှာပါ… အဆိုအကောင်းတွေ တို့ထပ်တူ… ခံစားမျှဝေသွားမှာ အရာရာ ပေးဆပ်ကာ… အသည်းကို နှင်း အပ်လို့ထားတာ… ထာဝရအဖော်ဆိုတာ အချစ်စစ်ရဲ့တန်ဖိုးတစ်ခုပါ” ဒီကြော်ငြာရုပ်သံဗွီဒီယိုဖိုင်ကိုတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မနောတို့က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေတဆင့် မျှဝေ ထားခဲ့ကြတာဖြစ်ပြီး ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သိန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါ တယ်။
3 years Ago
More News
Up