မေဒေးနေ့အခမ်းအနား

A d v e r t i s e m e n t With Us

May 2, 2020

ဂရိအစိုးရ၏ တားမြစ်ချက်ကို အာခံပြီး ဂရိအလုပ်သမားများ မေဒေးနေ့အခမ်းအနား ကျင်းပ

ဂရိနိုင်ငံမှာ အစိုးရထုတ်ပြန်ထားတဲ့ အသွားအလာ တားမြစ်ချက်ကို ဂရိလုပ်သားတွေ အာခံပြီး မေလ ၁ ရက်က  နိုင်ငံတကာအလုပ်သမားနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။   ဂရိလုပ်သားအများအပြားဟာ နှာခေါင်းစည်းတွေတပ်၊ လက်အိတ်တွေ စွပ်ပြီး တယောက်နဲ့ တယောက် ခပ်ခွာခွာအနေအထားနဲ့ ပါလီမန် အပြင်ဘက်မှာ မေဒေးနေ့ကို  ကျင်းပခဲ့တာပါ။   အခမ်းအနားကို  ကွန်မြူနစ် အလုပ်သမားသမဂ္ဂ   PAME က စီစဉ်ပြီး  မျက်နှာဖုံးနဲ့ နှာခေါင်းစည်းတွေမှာ “ဖုံးအုပ်ထားတဲ့ ပါးစပ်တွေက အသံထွက်တယ်” ဆိုတဲ့ စာသားကို ရေးသားထားပါတယ်။  ဆန္ဒပြဂရိလုပ်သားတွေက အလံတွေ ဝှေ့ယမ်း၊ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ခေါင်းစည်းစာတန်း‌တွေ ကိုင်မြှောက်ထားပါတယ်။  လော့ဒေါင်းကြောင့် ဂရိနိုင်ငံမှာ လုပ်ငန်းအတော်များများ ထိခိုက်ခဲ့ပါတယ်။  ဆယ်စုနှစ်ချီ ကြွေးမြီပြဿနာကြောင့် ၂၀၁၈ မှာ ပေါ်ပေါက်လာတဲ့ ကွန်ဆာဗေးတစ် အစိုးရကတော့    နိုင်ငံအတွင်း အလုပ်အကိုင်တွေကို ကာကွယ်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။
10 months Ago
Up