မေဒေး

May 1, 2021

မေဒေးနေ့ CDM ဝန်ထမ်းများတွက် လက်ခုပ်တီးဂုဏ်ပြုမည်

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ကို  အမြစ်ဖြတ်ဖို့ရည်ရွယ်တဲ့  နွေဦးတော်လှန်ရေးမှာ ထိပ်ဆုံးကနေပါဝင်နေကြတဲ့  CDM စက်ရုံအလုပ်သမား၊ နိုင်ငံဝန်ထမ်းတွေအတွက်   ဒီကနေ့ ကမ္ဘာ့အလုပ်သမားနေ့ မေလ ၁ ရက် ည၇နာရီခွဲမှာ လက်ခုပ်တီးဂုဏ်ပြုပေးကြဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

စစ်ဖိနပ်အောက်ပြန်မသွားဘဲ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ စစ်အုပ်ချုပ်ရေး ယန္တရား လည်ပတ်မသွားနိုင်အောင်တောင့်ခံနေကြတဲ့ CDMဝန်ထမ်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ည ၇ နာရီခွဲမှ ၇ နာရီ ၃၅ မိနစ်အထိ ၅ မိနစ်ကြာ လက်ခုပ်တီးဂုဏ်ပြုကြဖို့ နှိုးဆော်ထားပါတယ်။

2 weeks Ago
Up