မဒေါက်နှင့်ဘားအံမြို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်၊ သတိပြုနေထိုင်ရန် အကြံပြု

September 2, 2018

မဒေါက်နှင့်ဘားအံမြို့တို့၏ မြစ်ကမ်းအနီးနေသူများ အထူးသတိပြုနေကြရန် မိုးဇလပြော

မဒေါက်မြို့နဲ့ ဘားအံမြို့ တို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်နေလို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက ထုတ်ပြန်ပါတယ်။ မြန်မာစံတော်ချိန် ၁၃း၃၀ နာရီ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၄ ပေလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ပေဝက်လောက်ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်ပါတယ်။ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ပေဝက်လောက်ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါတယ်။ ဒါကြောင့် မဒေါက်မြို့နဲ့ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြပါဖို့ မိုးဇလက အကြံပြုထားပါတယ်။
5 years Ago

July 23, 2018

မဒေါက်နှင့်ဘားအံမြို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်၊ သတိပြုနေထိုင်ရန် အကြံပြု

မဒေါက်မြို့နဲ့ ဘားအံမြို့နယ်မှာ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။ ဒီနေ့ မြန်မာစံတော်ချိန်  မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ ပေဝက်ခန့် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။ သံလွင်မြစ်ရေဟာလည်း ဘားအံမြို့မှာ ၂ ပေခွဲခန့် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်တပါတယ်။
5 years Ago
Up