ထိုင်းနိုင်ငံ ဘန်ကောက် စီးပွားရေးတက္ကသိုလ်ကျောင်းသားတွေက မတော်တဆ ဖြစ်ရပ်တွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်နဲ့ လမ်းလုံခြုံရေးနဲ့ ပတ်သက်ပြီး နှိုးဆော်နေပါတယ်။
ဒီရုပ်သံဖိုင်က မတော်တဆ ဖြစ်ရပ်တွေဟာ ကြည့်ရှုသူတွေအတွက် အနည်းငယ် စိတ်ပျက်ဖွယ်ဖြစ်ပေမယ့် ခြေလှမ်းတွေကို သတိထားပါဆိုတဲ့ ဒီလမ်းခရီး လုံခြုံရေး လှုပ်ရှားမှုကို လူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်မှာ ကြည့်ရှုသူ သန်းနဲ့ ချီရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံက လူကူးမျဉ်းကြားတွေမှာ ယာဉ်မောင်းတွေရဲ့ ညံ့ဖျင်းတဲ့ အပြုအမှုတွေကို ဒီလှုပ်ရှားမှုက အဓိက ဦးတည်ထားပါတယ်။
ထိုင်းယာဉ်မောင်းတွေက လူကူးမျဉ်းကြားမှာ ယာဉ်တွေကို ရပ်တန့်ပေးခြင်း မရှိတဲ့ အတွက် ဖြစ်ပွားလာတဲ့ ဆိုးကျိုးတွေကို ဗွီဒီယိုဖိုင်က မီးမောင်းထိုးတင်ပြခဲ့ပါတယ်။
ယဉ်မောင်းတွေကိုသာမက လူတွေကိုလည်း လူကူးမျဉ်းကြားကို အသုံးပြုဖို့ လှုပ်ရှားမှုက တိုက်တွန်းထားပါတယ်။
ထိုင်းရဲ့လမ်းတွေက ကမ္ဘာပေါ်မှာ ဒုတိယ အန္တရာယ်အများဆုံးအဖြစ် ကမ္ဘာကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
5 years Ago