မတော်တဆသေဆုံး

December 24, 2017

ရေလုပ်သားတဦး ရေလုပ်ငန်းခွင်၌ မတော်တဆသေဆုံး

မွန်ပြည်နယ် ရေးမြို့နယ် ကပ္ပလီပင်လယ်ပြင်ဝါးကျွန်းအနီး ရေမိုင် ၄၅ လောက် နေရာမှ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်က ရေလုပ်သားတဦး ရေလုပ်ငန်းခွင်မှာ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မ ရဲစခန်းမှ သိရပါတယ်။ ငါးဖမ်းစက်လှေပိုင်ရှင် ဦးအောင်ဇော်ထွန်းရဲ့ ငါးဖမ်းကျားဖောင်ပေါ်မှာ ကျားဖောင်ဦးစီးနဲ့ အတူ ရေလုပ်သားတွေ ရေလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေစဉ်မှာ ပိုက်ဖော်ဒလက်တုံးနဲ့ ၂ ဦး ဆွဲကာ ရုတ်တရက်အတက်ရောဂါသည်လည်းဖြစ်သူ ရေလုပ်သား မြင့်ဇော်မှာ ဒလက်တုံးဘက်ပြန်ပြီး ဦးခေါင်းနောက်စေ့ မျက်နှာထိဒဏ်ရာရကာ ပြန်သယ်ဆောင်ရာ လမ်းခရီးမှာ သေဆုံးခဲ့တယ်လို့ အမှုစစ်ရဲအရာရှိက ပြောပါတယ်။ သေဆုံးသူရုပ်အလောင်းကို ပင်လယ်ကမ်းခြေမှ ရေးပြည်သူ့ဆေးရုံမှာ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက်လောက်မှာ ပို့ဆောင်ထားပြီး ဆရာဝန်ရဲ့ ဆေးမှတ်တမ်းတွေ ရယူထားပြီး ဖြစ်တယ်လို အမှုစစ်ရဲ အရာရှိက ဆက်ပြီးပြောပါတယ်။ သေဆုံးသူ မြင့်ဇော်ကို ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးဆောင်ရွက် ထားကာ ရေးမြို့မရဲစခန်းမှ သေမှုသေခင်းနှစ်စဉ် အမှတ် (၆၀/ ၂၀၁၇ ) အရ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။ နေမျိုးထွဋ်( ရေး)
4 years Ago
Up