မေဆွိ

November 17, 2020

ရန်ကုန်တက္ကသိုလ်ရာပြည့်ဖျော်ဖြေပွဲတွင် ကိုင်ဇာ၊ မေဆွိ၊ မေခလာ၊ ဟေမာနေဝင်းတို့ ဖျော်ဖြေမည်

လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ ကျင်းပမယ့် ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲမှာတော့ ဝါရင့်နာမည်ကြီး အဆိုတော် ၄ ယောက် ဖြစ်ကြတဲ့ ကိုင်ဇာ၊ မေဆွိ၊ မေခလာ၊ ဟေမာနေဝင်းတို့က ပါဝင်ဖျော်ဖြေသွားဖို့ ရှိနေပါ တယ်။ အခုနှစ်မှာ ကျရောက်တဲ့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အနေနဲ့ တက္ကသိုလ်ဖွဲ့တေးသီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ်ထုတ် လွှင့်ပြသပေးနေပြီး မြန်မာ့ရုပ်မြင်သံကြား ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း တိုက် ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ ပထမသီတင်းပတ်အနေနဲ့ ဖျော်ဖြေပွဲမှာတော့ ဝါရင့်တေးသံရှင်ကြီးတွေ ဖြစ်ကြတဲ့ မြန်မာပြည်သိန်းတန်၊ အောင်နိုင်၊ ဟေမာနေဝင်း တို့နဲ့အတူ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ နေမင်းအိမ်၊ ထွန်းနောင်ဆင့်၊ နန်းဆုဦးစတဲ့ တေးသံရှင်တွေ ပါဝင်ဖျော်ဖြေပေးသွားခဲ့ကြတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၃ ရက် ဒုတိယသီတင်းပတ် ဖျော်ဖြေပွဲမှာတော့ မြန်မာသံအဆို တော်ကြီးတွေ ဖြစ်ကြတဲ့ တက္ကသိုလ်လဲ့လဲ့၊ သန်းမြတ်စိုး၊ ထား၊ မောင်သိန်းဝင်းတို့နဲ့ တခြားအဆိုတော်တွေက တက္ကသိုလ်အမှတ်တရ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြတာ ပါ။ အောက်တိုဘာ ၃၀ ရက် ဖျော်ဖြေပွဲ ပွဲစဉ် ၃ မှာတော့ LUCKY HAND တေးဂီတ အဖွဲ့နဲ့အတူ အဆိုတော် တူးတူး၊ ဂျေညီညီ၊ စည်သူလွင်၊ စံလင်း၊ ဖြိုးပြည့်စုံ၊ ဂျူ နီယာချစ် ကောင်း၊ နော်လီဇာ၊ မေခလာ၊ ချောစုခင်၊ မေစပယ်ညို၊ ဂျူဝယ်လ်၊ မေသူကျော် စတဲ့ တေးသံရှင်တွေ ပါဝင်ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၆ ရက် ဖျော်ဖြေပွဲ ပွဲစဉ် ၄ မှာတော့ ဂီတမှူး စန္ဒရား ဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နဲ့အတူ မြန်မာသံအဆိုတော်တွေ ဖြစ်ကြတဲ့ ခင်မောင်ကြီး၊ စန္ဒရား ဘသန်းတင်၊ မိုးထက်မြင့်၊ ဘုန်းသစ်၊ ခင်ညွန့်ရည်၊ နှင်းရည်သန့်၊ ၊ စိမ်းလဲ့လဲ့၊ စိမ့်နေခြည်၊ သွန်း၊ အိုပြည့်ရှင်၊ အေးမြဖြူ၊ ဆုမြတ်ထက်တို့က ပါဝင်ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၃ ရက် ဖျော်ဖြေပွဲ ပွဲစဉ် ၅ မှာတော့ Lucky Hand နဲ့ The Trees တေး ဂီတအဖွဲ့တွေနဲ့အတူ နာမည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ စိန်ဝင်းထွန်း၊ အက်စ်ကဲနက်၊ ဂျေမောင်မောင်၊ ဖြိုးကြီး၊ ဇော်ပိုင်၊ ဖိုးကာ၊ ကျော်သီဟ၊ စောလားထော်ဝါး၊ သန်းသန်းနွယ်၊ ယု ဇန၊ ရတနာမိုင်၊ ကေကေမိုး၊ ဝတ်ရည်ထက်နဲ့ ဖူးဖူးသစ်တို့က ပါဝင်သီဆိုဖျော် ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ ခုတပတ်ရဲ့ ဖျော်ဖြေပွဲ ပွဲစဉ် ၆ မှာတော့ Success တေးဂီတအဖွဲ့နဲ့အတူ ကိုင်ဇာ၊ မေဆွိ၊ မေခလာ၊ ဟေမာနေဝင်းတို့က တွဲဖက်သီဆိုသွားကြမှာ ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့  ရန်ကုန်တက္က သိုလ်ဟာ အခုလာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ဆိုရင် နှစ်ပေါင်း ၁၀ဝ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါ တယ်။ နှစ် ၅၀ ပြည့် ရွှေရတု၊ ၇၅ နှစ်ပြည့် စိန်ရတုသဘင် အခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့ပေမယ့် အခုနှစ်မှာ ကျရောက်တဲ့ ရာပြည့်သဘင်ကတော့ လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့်မို့ နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေးရပြီးစ ကာလတွေက ပညာရေး ကဏ္ဍမှာ အရှေ့တောင်အာရှမှာသာမက အာရှအဆင့်မှာပါ ထိပ်တန်းက ရပ်တည်နိုင်ခဲ့တာမို့ ရန်ကုန်တက္ကသိုလ်မှာ တခြားအာရှနိုင်ငံတွေက ကျောင်းသူ၊ ကျောင်းသားတွေ လာရောက်ပြီးတော့ ပညာဆည်းပူးခဲ့ကြရတာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အနေနဲ့ ရန်ကုန် တက္ကသိုလ်ကို ဒီကနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တခု ပြန်လည် ဖြစ်လာစေဖို့ မျှော်မှန်းထားကြောင်း ပြောခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ ထင်ရှားတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အခမ်းအနားတွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကစတင်ကာ ၂၀၂၀ ဒီဇင်ဘာလအထိ တနှစ်ပတ်လုံး ကျင်းပဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေနဲ့အတူ စီးပွားရေးလုပ်ငန်း တချို့ကိုပါ ပိတ်ပင်ထားခဲ့ရတာမို့ ရာပြည့်သဘင်မှာ ကျင်းပသွားဖို့ရှိနေတဲ့ အထိမ်းအမှတ် စာစောင်ထုတ်ဝေတာတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ပြင်ပပညာရှင်တွေ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းတွေရဲ့ ဟောပြောပွဲတွေ၊ စာပေဂီတ အနုပညာဆိုင်ရာ တီထွင်ဖန်တီးမှုဆိုင်ရာ ပြပွဲပြိုင်ပွဲတွေ၊ ပဒေသာကပွဲတွေ၊ ဈေးရောင်း ပွဲတော်တွေ အပါအဝင် အခမ်းအနားအားလုံးကို ဘာမှမလုပ်နိုင်ခဲ့ပဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။
1 year Ago

September 2, 2020

မြန်မာ့ရုပ်ရှင်ရာပြည့် ဂီတဖျော်ဖြေပွဲ မေဆွိ၊ ချောစုခင်၊ နီနီခင်ဇော်နှင့် အနုပညာရှင်များ ပါဝင်ဖျော်ဖြေမည်

အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ခုလာမယ့် သီတင်းပတ် ၅ ပတ်မြောက်ပွဲစဉ်မှာတော့ မေဆွိ၊ ၊ ချောစုခင်၊ နီနီခင်ဇော်တို့နဲ့ အတူ တခြားအနုပညာရှင်တွေ ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။ ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့ကတော့ ပွဲစဉ် ၁ အဖြစ် မောင်သိန်းဝင်း ၊ R ဇာနည်၊ နေမင်းအိမ်၊ ဟေမာနေဝင်း၊ စိုးပြည့်သဇင်၊ ချစ်စနိုးဦး၊ ခင်ပိုးပန်းချီ၊ မေ့ချစ်သက်နဲ့ မေလသံစဉ်တို့က ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၂ မှာတော့ ဂီတမှူးစန္ဒရား ကိုခင်လှ၊ စန္ဒရားတင်ကိုကိုတို့ရဲ့ မြန်မာမှုတေးဂီတအဖွဲ့နဲ့အတူ ထား၊ ချိုပြုံး၊ ရီရီသန့်၊ ခင်ညွန့်ရည်၊ တက္ကသိုလ်လဲ့လဲ့၊ နှင်းရည်သန့်၊ ခင်ပိုးပန်းချီတို့နဲ့ တခြားအဆိုတော်တွေက ဖျော်ဖြေတင် ဆက်ခဲ့ကြတာပါ။ ဩဂုတ်လ ၂၁ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၃ အနေနဲ့ အင်ပါ ယာတေးဂီတအဖွဲ့နဲ့ အတူ နာမည်ကျော် အဆိုတော်တွေဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဝိုင်းစုခိုင်သိန်းတို့ အပြင် တခြားအဆိုတော်တွေဖြစ်ကြတဲ့ စည်သူလွင်၊ အောင်လ၊ ဝေလ၊ မေသက်ထားဆွေ၊ ဂျူဝယ်လ်၊ အေးမြဖြူ တို့က တင်ဆက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၄ မှာတော့ မြန်မာသံ အဆိုတော်ကြီးတွေဖြစ်ကြတဲ့ ထား၊ ရီရီသန့်၊ တင်ဦးလေးတို့နဲ့အတူ ခင်စိုးဝင်း၊ စိမ်းလဲ့လဲ့၊ ဝိုင်းလမင်းအောင်၊ မေသက်ထားဆွေစတဲ့ အဆိုတော်ပေါင်းများစွာကသီဆိုဖျော်ဖြေခဲ့ကြ တာပါ။ အခုလာမယ့် စက်တင်ဘာလ ၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၅ မှာတော့ မေဆွိ၊ ချောစုခင်၊ နီနီခင်ဇော်တို့နဲ့အတူ တခြားအဆိုတော်တွေ ဖြစ်ကြတဲ့ ချမ်းမြေ့မောင်ချို၊ ဇော် ပိုင်၊ ဖိုးကာ၊ ဝေလ၊ အောင်ထက်တို့က အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားကြ မှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ဟာ အာရှဒေသတွင်း သက်တမ်းအရှည်ကြာဆုံးသော ရုပ်ရှင်လောက တွေထဲက တခုဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ သက်တမ်းနှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့ ပထမဦးဆုံးသော ရုပ်ရှင်ကားကတော့ ၁၉၂၀ ခုနှစ်က ဦးထွန်းရှိန် (ဝိုင်အမ်ဘီအေ ခေါင်းဆောင်နဲ့ အမျိုးသားရေးရှေ့နေ)ရဲ့ နာရေးအခမ်းအနားကို သက်ဝင်ပေါ်လွင်အောင် ရိုက်ကူး ထားတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ရုပ်ရှင်ဟာ မြန်မာ့အမျိုးသားရေး နိုးကြားတက်ကြွလာစေဖို့ အဓိကအခန်းကဏ္ဍက ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကတော့ လတ်တလော ကမ္ဘာ့နိုင်ငံတွေအနှံ့ ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပမယ့် ရက်ကို တိတိကျကျ မသိနိုင်သေးဘဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။
1 year Ago
Up