မကွေးနှင့် မန္တလေးတိုင်းတွင် အချိန်​အခါမဟုတ်

January 5, 2018

မကွေးနှင့် မန္တလေးတိုင်းတွင် အချိန်​အခါမဟုတ်​ မိုးရွာသွန်းမှု​ကြောင့် စိုက်ခင်းများ ပျက်စီး

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်​၊ ​ပေါက်​မြို့နယ်​မှာ အချိန်​အခါမဟုတ်​ မိုးရွာသွန်းမှု​ကြောင့် ​ယော​ချောင်းအတွင်းက ကြက်​သွန်​စိုက်​ခင်း ဧက ​ထောင်​ချီ ပျက်​စီးခဲ့ရပါတယ်​။ မိုးရွာသွန်းပြီး ​ချောင်း​ရေကျလာကာ ကြက်​သွန်​ခင်း​တွေ တိုက်​စားနစ်​မြုပ် ပျက်​စီးခဲ့တာပါ။ ခုလို ပျက်​စီးခဲ့တာ​ကြောင့်​ တောင်​သူ​တွေအ​နေနဲ့ ​နောက်​တ​ခါ ပြန်​စိုက်​ဖို့ ကြက်သွန်​မျိုး ပြန်​ရှာဖို့ ခက်​ခဲ​နေတဲ့အပြင်​ စတင်​စိုက်​ပျိုးချိန်​က အရင်းအနှီးမှာ ရှာထားရတဲ့​ ကြွေးဆပ်​ဖို့လည်း ခက်​ခဲ​နေတယ်​လို့ ဆိုပါတယ်​။ သက်​ဆိုင်​ရာဌာန​တွေအ​နေနဲ့ အပျက်​အစီးစာရင်း ​ကောက်​ယူ​နေဆဲဖြစ်ပြီး တိကျတဲ့ စာရင်းရလာချိန်​မှာ တိုင်း​ဒေသကြီးအစိုးရကို တင်​ပြသွားမယ်​လို့ ​ပေါက်​မြို့နယ်​က တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​တ​ဦးက ​ပြောပါတယ်​။ ​ပေါက်​မြို့နယ်​ထဲက ​ယော​ချောင်းက​နေ နှစ်​စဉ် ​ကြက်​သွန်​ ပိဿာချိန်​ ၁၅၀ ​လောက် ​ထွက်ရှိ​​နေတာပါ။ မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​မှာလည်း ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၃၁ ရက်​​မှ ဇန်နဝါရီ ၃ ရက်​​အထိ အချိန်​အခါမဟုတ်​ မိုးရွာသွန်းမှု​ကြောင့် စိုက်​ပျိုးထားတဲ့ ကြံပင်​​တွေ လဲကျ ပျက်​စီးဆုံးရှုံးမှု​တွေ အများကြီး ရှိခဲ့တယ်​လို့ ကြံစိုက်​တောင်သူတွေရဲ့ ​ပြောပြချက်​အရ သိရပါတယ်​။ ကြံစိုက်​ပျိုးတဲ့ သစ်ပင်ရှည်ရွာမှ ​​​မစိုးမိုးက “မိုးရွာလိုက်​တာ ကြံခင်း​တွေမကဘူး၊ တခြားသီးနှံ​တွေပါ အများကြီး ပျက်​စီးကုန်​တယ်​။ အခု ကြံပင်​​တွေက လဲကုန်​​တော့ ပြန်​မတ်​​ပေးရဖို့ ဝါး​တွေနဲ့ပြန်​ပြီး အပင်​ကို ပြန်​ထူရတယ်​။ ဆုံးရှုံးမှုက​တော့ ၁၅ သိန်းဖိုး​လောက်​ ဆုံးရှုံးသွားတယ်​။ လူငှားရတဲ့ စရိတ်​​တွေကလည်း များ​တော့ ပိုပြီးအခက်​​တွေ့တယ်”လို့ ​ပြောပါတယ်​။ မြင်းခြံမြို့နယ်​မှာ ကြံ​တွေ အများအပြား စိုက်​ပျိုး​နေကြပြီး တန်​ခူးလမှ ကြံစတင်​စိုက်​ပျိုးကာ တပို့တွဲလပြည့်ကျော်​မှာ ကြံပင်​​တွေ ​ရောင်းချရတာဖြစ်​ပြီး ကြံ ၅ ပင်​နဲ့ ၁၂ ပင်​ကြား တမြုံကို ​ငွေကျပ်​ ၁၀၀၀ မှ ၁၂၀၀ ကျပ်​အထိ ​ရောင်းချရတယ်​လို့ သိရပါတယ်​။ ခုတော့ အချိန်အခါမဟုတ် မိုးကြောင့် စိုက်ခင်းအ​တော်​များများ ပျက်​စီးကုန်​တယ်​လို့ စိုက်​ပျိုးထားတာ​တွေ ဘာသီးနှံမှ မရကြ​တော့ဘူးလို့ သစ်​ပင်​ရှည်​​ကျေးရွာနေ ဦး​ကျော်​​ဌေးက ​ပြောပါတယ်​။ မြင်းခြံမြို့နယ်​မှာ အချိန်​အခါမဟုတ်​ မိုးရွာသွန်းခဲ့မှု​ကြောင့် ဒေသထွက်​ကုန်​ဖြစ်​တဲ့ ပဲစင်းငုံ၊ ကုလားပဲ၊ ကြက်​သွန်​နီ၊ ​ဆေးရွက်​ကြီး စတဲ့ တခြားသီးနှံ​တွေ အများအပြား ပျက်​စီးဆုံးရှုံးခဲ့ရတယ်လို့လည်း ​ဒေသခံ ​တောင်​သူ​တွေ ​ပြောကြားချက်​အရ သိရပါတယ်​။ သတင်း၊ ဓာတ်ပုံ - မြင့်နိုင်၊ ရီရီထွန်း
3 years Ago
Up