မကွေးမြို့

November 24, 2018

မကွေးမြို့မှ အမျိုးသမီးတဦးအား တရုတ်ဇနီးအဖြစ် ရောင်းစားသူ ၂ ဦးကို ဖမ်းဆီးအမှုဖွင့်

မ​ကွေးမြို့ ​​အောင်​​မေတ္တာ ရပ်​ကွက်​က အမျိုးသမီးငယ်​တ​ဦး တရုတ်​နိုင်​ငံမှာ ​ရောင်းစားမှုနဲ့ ပတ်သက်ပြီး လင်မယား ၂ ဦးကို မ​ကွေးနယ်​​မြေရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ မ​ကွေးမြို့ ​အောင်​​မေတ္တာရပ်​ကွက်​က အမျိုးသမီးငယ်​တစ်​ဦး တရုတ်​နိုင်​ငံမှာ ​ရောင်းစားခံထားရတယ်​လို့ နိုဝင်​ဘာ ၂၁ ရ​က်ည​နေက MJA မ​ကွေးကို လာ​ရောက်​ အကူညီ​တောင်းခံလို့ လူကုန်းကူးမှုတားစီးကာကွယ်​​ရေးတပ်​ဖွဲ့နဲ့ ချိတ်​ဆက်​ကာ မ​ကွေးနယ်​​မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။ မိခင်​ဖြစ်​သူ​ ဒေါ်ပိုပိုက "လွန်​ခဲ့တဲ့ ၅ လ​လောက်​က အလုပ်​လုပ်​မယ်​ဆိုပြီး သမီး ​နေအိမ်​က ထွက်​သွားတာပါ။ တပတ်​​လောက်​ကြာ​တော့ မျိုး​ဇော်​ကိုနဲ့ ​ရေလှိုင်းတို့ လင်​မယား​ရောက်​လာပြီး ​ငွေ ၂၈ သိန်း​ပေးပြီး ဗွီဒီယိုမှတ်​တမ်းယူသွားပါတယ်​။ အစကတော့ စက်​ရုံတရုံမှာ အလုပ်​ဝင်​​နေတယ်​လို့ သိခဲ့တာ။ ​နောက်​ပိုင်းမှာ ဖုန်းနဲ့ဆက်​သွယ်​ကာ တရုတ်​​ယောကျာ်းကိုယူပြီး က​လေးတစယောက်​​မွေးမှ မြန်​မာပြည်​ပြန်​လာရမှာလို့ ငိုယိုပြီး​ပြောတယ်​။ မျိုး​ဇော်​ကိုနဲ့ ​ရေလှိုင်းက တရုတ်​ပြည်​မှာ အပြတ်​​ရောင်းခဲ့တာလို့ သိရတဲ့အတွက်​ သက်​ဆိုင်​ရာကို တိုင်​ကြားခဲ့တာပါ” လို့  ဒီဗွီဘီကို ပြောပါတယ်​။ မ​ကွေးနယ်​​မြေရဲစခန်းမှ အမှုစစ်​ ဒုရဲအုပ်​မျိုးကိုကိုစိမ်းက "တရုတ်​မှာရှိတဲ့ လူကုန်​ကူးခံရတဲ့​ကောင်​မ​လေးက အ​မေကို ဖုန်းဆက်​ပြီး အကူညီ​တောင်းတာကို အသံဖမ်းပြီး အမှတ်​(၂)လူကုန်​ကူးမှုတားဆီးကာကွယ်​​ရေးတပ်​ဖွဲ့ကိုသွားတိုင်​လို့ ဒုရဲအုပ်​ထက်​ပိုင်​က ရဲစခန်းမှာ အမှုလာဖွင့်​တာပါ။ နိုးနိုးဆိုတဲ့ မျိုးသမီးက မိုးမိုး၊​ရေလှိုင်းနဲ့ မျိုး​ဇော်​ကို မန္တ​​လေးထိလာ​ခေါ်ပြီး မူဆယ်​က​နေ ၇ ရက်​ဗီဇာနဲ့ အကျဲဆိုတဲ့ ပွဲစားမကထပ်​လာ​ခေါ်ပြီး တရုတ်​ယွမ်​​ငွေ သုံး​သောင်းနဲ့ ​ရောင်းစားခဲ့တယ်​လို့ စစ်​​ဆေးချက်​​တွေအရ သိရတယ်​” လို့ ဆိုပါတယ်​။ ဖြစ်​စဉ်​နဲ့ပတ်​သတ်​လို့ မျိုး​ဇော်​ကိုနဲ့၊​ ရေလှိုင်းတို နှစ်​ဦးကို မ​ကွေးနယ်​​မြေရဲစခန်းမှာ လူကုန်​ကူးမှုတားဆီး ကာကွယ်​​ရေး ဥပ​ဒေပုဒ်မ ၂၄/၃၂ နဲ့ ဖမ်းဆီးအ​ရေးယူထားတယ်​လို့ သိရပါတယ်​။ မ​ကွေးက လူကုန်​ကူးမှု တားဆီးကာကွယ်​​ရေး အဖွဲ့နဲ့ တရုတ်​က လူကုန်​ကူးမှုတားဆီးကာကွယ်​​ရေးအဖွဲ့တို ချိတ်​ဆက်​ပြီး ​​ကောင်​မ​လေးကို​ နေရပ်​ပြန်​​ခေါ်နိုင်​ဖို့ ကြိုးစား​နေတယ်​လို့ မ​ကွေးနယ်​​မြေရဲစခန်းက သိရပါတယ်​။
3 years Ago

August 13, 2018

မ​ကွေးမြို့ မြင်းကင်းလမ်းမကြီးကို တိုင်း​ဒေသကြီးအစိုးရ ရန်​ပုံ​ငွေဖြင့် အဆင်​မြှင့်တင်

မ​ကွေးတိုင်း​ဒေသကြီး မ​ကွေးမြို့ရဲ့ အဓိက အချက်အ​ချာကျတဲ့ မြင်းကင်းလမ်းမကြီးကို တိုင်း​ဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်​ပုံ​ငွေ ကျပ်​ ၄၁၆ ဒသမ ၉ သန်းနဲ့ အဆင့်မြှင့်တင်​ ​ဆောင်​ရွက်​နေတယ်လို့ မ​ကွေးမြို့နယ်​စည်​ပင်​သာယာ​ရေး ဦးစီးဌာနက ပြောပါတယ်​။ မ​ကွေးမြို့နယ်​ စည်​ပင်​သာယာ​ရေးဦးစီးဌာနက အင်​ဂျင်​နီယာမှူး ဦးစိန်​သိန်း​ငွေက “၂ဝ၁၈ ခုနှစ်​ Mini ဘတ်ဂျက်​ထဲမှာ ပါဝင်​တဲ့ မြင်းကင်းလမ်းအတွက်​ တင်​ဒါ​ခေါ်ယူခဲ့ပြီး MK ​ဆောက်​လုပ်​​ရေးကုမ္ပဏီက ကျပ်​ ၃၇၅ ဒသမ ၂ သန်းနဲ့ တာဝန်​ယူ​ လုပ်​​ဆောင်​​နေတာ ဖြစ်​တယ်​။ တက္ကသိုလ်​လမ်းဆုံက​နေ ဘိုးရတနာထိ ကတ္တရာလမ်း အရှည်​​ပေ ၆၉ဝဝ၊ လမ်းအကျယ်​ ၁၈​ ပေ၊ ကတ္တရာလမ်းထုက ၆ လက်​မပါ၊ အပိုင်းတစ်​အ​နေနဲ့ ဘိုးရတနာက​နေ ​အောင်​​မေတ္တာ(ဃ)အထိ​ ပေ တေ​ထာင်​၊ အကျယ်​ ၁၈ ​ပေ ကွန်​ကရစ်​လမ်း၊ အပိုင်း နှစ် ​မြင်းကင်းလမ်း ဘိုးရတနာလမ်းခွဲက​နေ ​အောင်​​မေတ္တာ(ဃ) ၆ လမ်းထိ အရှည်​ ​ပေ ၂၆၆ဝ အကျယ်​ ၁၆ ​ပေ၊ ကွန်​ကရစ်​ ၉ လက်​မထု တင်​ဒါ​အောင်​ပါတယ်​၊ အပိုင်​ (၃) ဘိုးရတနာ ​အောင်​​မေတ္တာ (ဃ) ၆ လမ်းက​နေ ​အောင်​​မေတ္တာရပ်​ကွက်​ အ​ဝေရာလမ်းထိ ​အရှည်​​ ၂၆၆ဝ​ ပေ အကျယ်​ ၁၈ လက်​မ၊ ကွန်​ကရစ်​ထု ၉ လက်​မ နဲ့ တင်​ဒါ​အောင်​ပါတယ်​၊ အစိုးရဘတ်​ဂျက်​ ခွင့်ပြု​ငွေက ၄၁၆ ဒသမ ၉ သန်း ဖြစ်​ပါတယ်​၊ ဘတ်​ဂျက်​ပိုလျှံငွေ ၄၁ ဒသမ ၇ သန်းကို မြင်းကင်းလမ်းနဲ့ ဆက်​စပ်​တဲ့ ငပုတ်​ကန်​မှာ​ ကျောက်​​မြေသားလမ်း လုပ်​ဖို့ အစိုးရကို တင်​ပြထားပါတယ်​”လို့ ဒီဗွီဘီကို​ ပြောပါတယ်​။ ကတ္တရာလမ်း အရှည်​စုစု​ပေါင်း​ပေ ၆၉ဝဝ အကျယ်​ ၁၈ ​ပေ၊ ကွန်​ကရစ်​လမ်းပိုင်းမှာ ၅ဝ၈ဝ ပေ၊ ၁၈ ​ပေ နှစ်​ပိုင်း ၁၆ ပေ တ​ပိုင်း ဖြစ်​ပါတယ်။ လမ်းအဆင့်မြှင့်တင်​တဲ့ လုပ်​ငန်းကို ဇူလိုင် ၃ဝ ရက်​​နေ့က စတင်​တာဖြစ်​ပြီး စက်တင်ဘာ ၃၁ ရက်​​နေ့ထိ နှစ်​လ ကြာမြင့်မယ်​လို့လည်း သိရပါတယ်။ လမ်းခင်း အလုပ်​သမား​ခေါင်း​ဆောင်​ ဦးထွန်းလွင်​က “လုပ်​သား​တွေကို ​နေ့စားခ အမျိုးသား ၅ဝဝဝ ကျပ်​၊ အမျိုးသမီး ၄ဝဝဝ ကျပ်​၊ ကတ္တရာ​လောင်း ၇ဝဝဝ ကျပ်​စီ သူ့အဆင့်နဲ့သူ အစားစား ​ခေါ်ယူပြီး လုပ်​ကိုင်​ကြတာ ဖြစ်​တယ်​။ ကျနော်​တို့အလုပ်​က ကုသိုလ်​လည်းရ၊ ဝမ်းလည်းဝ ဆို​တော့ အများပြည်​သူ သွားလာတဲ့ လမ်းကို ပိုမို​ကောင်းမွန်​​ပြီး ​ရေရှည်​ခိုင်​ခံ့​အောင်​ ​စေတနာထားပြီး လုပ်​​ပေးတယ်​” လို့ ​ပြောပါတယ်​။ အဆိုပါ လမ်းမကြီး အဆင့်မြှင့်တင်လိုက်​တဲ့အ​တွက်​ ​အောင်​​မေတ္တာရပ်​ကွက်​၊ မြင်းကင်းရွာ၊ ​သဲဖြူရွာရှိ ​ဒေသခံပြည်​သူတွေ၊ တက္ကသိုလ်​​ ကျောင်းသား​ ကျောင်းသူတွေ၊ တိုင်းရင်း​ဆေးရုံနဲ့ ဌာနဆိုင်​ရာ ဝန်​ထမ်းတွေအတွက်​ များစွာအကျိုးပြုပြီး လူ​နေမှုအဆင့် ပိုမိုမြင့်မားလာမှာ ဖြစ်​​ကြောင်း မ​ကွေးမြို့နယ်​ စည်​ပင်​သာယာ​ရေးဦးစီးဌာနက ဆိုပါတယ်​။ မင်းထီး
3 years Ago

နိုင်​ငံတကာ လူငယ်​များ​နေ့ပွဲ မကွေးမြို့တွင် ကျင်းပ (ဓာတ်ပုံ)

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးမြို့ရှိ လွတ်​လပ်​​ရေးပန်းခြံမှာ နိုင်​ငံတကာ လူငယ်​များ​နေ့ အခမ်းအနားကို သြဂုတ်​လ ၁၂ ရက်​​နေ့ ညပိုင်းက ကျင်းပပါတယ်။ အခမ်းအနားမှာ ​ဖျော်​​ဖြေ​ရေးအစီစဉ်​တွေ၊ စကားဝိုင်းတွေနဲ့ အထူးစည်​ကား သိုက်​မြိုက်​စွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မ​ကွေးတိုင်း​ဒေသကြီး လူငယ်​ကွန်​ရက်​က ကို​ဝေယံ​အောင်​က “လက်ရှိမှာ လူငယ်​​ရေးရာကော်​မတီ​တွေလည်း​ ပေါ်လာပြီ ဖြစ်တယ်။ ဒီလိုပွဲကနေတဆင့် လူငယ်​​တွေရဲ့ အသံကို စုစည်းပြီး​တော့ လူငယ်​​တွေ မူဝါဒ​တွေ ​ဖော်​​ဆောင်​​နေကြတာ ဖြစ်တယ်။ တိုင်း​ဒေသကြီးထဲက မူဝါဒ​တွေကို အ​ကောင်​ထည်​​ဖော်​​ပေးမယ့် မဟာဗျူဟာ အစီအစဉ်တွေကို ​ရေးဆွဲဖို့ သိ​စေချင်​တဲ့အတွက်​ ကျင်းပရတာဖြစ်တယ်”လို့ ပြောပါတယ်​။ ဒီအခမ်းအနားကို မ​ကွေးမြို့ခံ လူငယ်​​တွေနဲ့ လာ​ရောက်​​လေ့လာသူ ၂၀၀၀ ​ကျော်​ တက်​​ရောက်​ကြပါတယ်​။ သတင်း-မင်းထီး
3 years Ago
More News
Up