မကွေးတိုင်းအတွင်း လေ​ဘေးသင့်ရွာများကို ကျပ်​သိန်း ၃၅၀ ကျော်​ ထောက်​ပံ့​ငွေ​ပေးအပ်

April 22, 2019

မကွေးတိုင်းအတွင်း လေ​ဘေးသင့်ရွာများကို ကျပ်​သိန်း ၃၅၀ ကျော်​ ထောက်​ပံ့​ငွေ​ပေးအပ်

မ​ကွေးတိုင်း​အတွင်း လေဘေးဒဏ်ခံခဲ့ရတဲ့ ​ကျေးရွာ​ပေါင်း ၇၃ ရွာကို တိုင်း​ဒေသကြီး ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနက ကျပ်​သိန်း ၃၅၀ ကျော်​ တန်​ဖိုးရှိ ဆန်​ရိက္ခာ၊ အသုံး​ဆောင်​ပစ္စည်းနဲ့ ဆောက်​လုပ်​​ရေးပစ္စည်း​တွေ ထောက်​ပံ့​ပေးအပ်ခဲ့ပါတယ်။ မကွေးတိုင်းအတွင်း လေပြင်းတိုက်ခတ်ခဲ့လို့ လူနေအိမ် ၃၃ လုံးနဲ့ ဘာသာရေး အဆောက်အဦတခုလုံးဝ ပြိုကျပျက်ဆီးခဲ့ပြီး လူနေအိမ် ၅၇၉ လုံးနဲ့ ဘာသာရေးအဆောက်အဦ ၁၃ လုံး အစိတ်​အပိုင်းတွေပျက်ဆီးခဲ့ကာ လေဘေး သင့် အိမ်ထောင်စုပေါင်း ၆၁၂စု၊ လူဦးရေ ၁၇၉၇ တို့အတွက်​ ​ထောက်​ပံ့ခဲ့တာပါ။ မ​ကွေးတိုင်း​ ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှုဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦးမြင့်​စိုးက “လေဘေးသင့် ပြည်သူတွေလက်ထဲကို ကယ်ဆယ်ရေးပစ္စည်းတွေ၊  ရန်ပုံငွေတွေ အချိန်မီ ရောက်ရှိအောင် ဆောင်ရွက်​နေပါတယ်​။ ​လေ​ဘေးသင့် ပြည်​သူ​တွေအ​နေနဲ့ အိမ်ဆောက် ပစ္စည်းတွေအစား ငွေကိုပဲလိုချင်ကြတဲ့အတွက် ငွေသားပဲ ထောက်ပံ့ပေးတာပါ။ ဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျေးရွာတွေမှာ ပညာပေးဟောပြောပွဲတွေ ဆက်လက်​လုပ်​​ဆောင်​သွားမယ် ” လို့ ပြောပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီးအတွင်း မတ်လ၃၀ရက်ကနေ ဧပြီ ၈ ရက်​​နေ့အထိ ​ကျေးရွာ​ပေါင်း ၂၆ ရွာမှာ လေပြင်းတွေတိုက်ခိုက်လို့ ထိခိုက်ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။ ဧပြီ၁၇ ရက်နေ့မှာတော့ မကွေးမြို့နယ်၊ ပေါက်မြို့နယ်၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာ​ ၃၆ရွာမှာ လေပြင်းတွေ ထပ်မံတိုက်ခတ်ခဲ့သလို ဧပြီ ၁၈ရက်မှာလည်း ဂန့်ဂေါမြို့နယ်၊​ ပေါက်မြို့နယ်​နဲ့ မြိုင်မြို့နယ်ရှိ ကျေးရွာ​ ၁၁ ရွာတို့မှာ လေပြင်းတိုက်လို့ ထိခိုက်ပျက်စီးခဲ့ပါတယ်​။ သတင်း-မင်းထီး
3 years Ago
Up