မကောင်းဆိုးဝါးအရုပ်

A d v e r t i s e m e n t With Us

June 14, 2019

သွေးပျက်ထိတ်လန့်ဖွယ် မကောင်းဆိုးဝါးအရုပ်ကလေး Chucky ရုပ်ရှင် - Child’s Play (နမူနာ)

မကောင်းဆိုးဝါး အရုပ်ကလေး Chucky ကို ပုံစံတမျိုးနဲ့ ဆန်းသစ်ရိုက်ကူးလိုက်တဲ့ ဟောလိဝုဒ် နာမည်ကြီးရုပ်ရှင် Child’s Play ကို လာမယ့် ဇွန်လ ၂၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နော်ဝေ ရုပ်ရှင်ဒါရိုက်တာ Lars Klevberg က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပြီး အမေရိကန် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Orion Pictures က တင်ဆက်လိုက်တာပါ။ ဒီရုပ်ရှင်ကတော့ ၁၉၈၈ ခုနှစ်လောက်က Child’s Play နာမည်နဲ့ပဲ ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ရုပ်ရှင်ကို ပုံစံတမျိုးနဲ့ ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Andy ဆိုတဲ့ ၁၃ နှစ်အရွယ် နားမကြားတဲ့ ကောင်လေးကို မိခင်ဖြစ်သူက အရုပ်ကလေးတရုပ် မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ရာကနေ ထင်မှတ်မထားတဲ့ သွေးပျက်ထိတ်လန့်စရာ အဖြစ်အပျက်တွေ စတင်ခဲ့တာကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီအရုပ်ကလေးက သာမန်အရုပ်တရုပ်မဟုတ်ဘဲ မကောင်းဆိုးဝါးဝိညာဉ် ပူးကပ်ခံနေရတဲ့ အရုပ်ကလေး ဖြစ်နေတဲ့အခါ ဘယ်လိုတွေ ဖြစ်လာမလဲ။ Hi, I’m Chucky! ဆိုတဲ့ သွေးအေးအေးနဲ့ ကြောက်စရာ အရုပ်ကလေးရဲ့အသံကို ကြားလိုက်တာနဲ့ ကြက်သီးမွေးညင်း ထစရာကောင်းတဲ့ ခံစားချက်မျိုးကို ခုကားထဲမှာ ဘယ်လို ပုံဖော်ထားမလဲဆိုတာ မကြာခင် ရှုစားကြရတော့မှာပါ။ ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် ဆယ်ကျော်သက်ကောင်လေး Andy အဖြစ် အမေရိကန် ကလေးသရုပ်ဆောင် Gabriel Bateman က သရုပ်ဆောင်ထားပြီး မိခင်ဖြစ်သူ နေရာမှာတော့ Aubrey Plaza က သရုပ်ဆောင်ထားပါတယ်။ မကောင်းဆိုးဝါး အရုပ်ကလေး Chucky နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား Mark Hamill က အသံနဲ့ ပါဝင်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၂၀ ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ ကောင်းတဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ သွေးထွက်သံယို ပြကွင်းပြကွက်တွေ၊ ပြောစကားတွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ရုံမတင်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဒီရုပ်ရှင်ကား နမူနာဟာ ယူကျုပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၇ သန်းနီးပါး ရှိနေပါတယ်။
2 years Ago
Up