မကောင်းဆိုးဝါးပူးကပ်ပြီး ၆ နှစ်သမီးကို တိုက်ခိုက်သည့် အမျိုးသားကို ဖမ်းဆီး

May 15, 2017

မကောင်းဆိုးဝါးပူးကပ်ပြီး ၆ နှစ်သမီးကို တိုက်ခိုက်သည့် အမျိုးသားကို ဖမ်းဆီး (ရုပ်သံ)

ထိုင်းနိုင်ငံမှ အမျိုးသားတဦးဟာ မကောင်းဆိုးဝါး သရဲတစ္ဆေ ပူးကပ်ခံရပြီးနောက် ၆ နှစ်အရွယ် မိန်းကလေးငယ်တဦးကို တိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းတခုအတွင်း ကိုယ်လုံးတီးချွတ် အခြေအနေနဲ့ ရမ်းကားခဲ့လို့ ရဲတွေက ဖမ်းဆီးခဲ့ရပါတယ်။ အသက် ၄၅ နှစ်အရွယ်ရှိ ဆူဖတ်ချိုင်း ဆမ်ဆီရိဟာ ကလေးငယ်ကို တုတ်ချောင်းတွေနဲ့ ရိုက်နှက်ခဲ့ပြီး မိန်းမကိုယ်တွင်းအင်္ဂါထဲကို တုတ်တွေ ထိုးသွင်းခဲ့တာပါ။ အဲဒီနောက် သတိလစ်မေ့မြောနေတဲ့ ကလေးငယ်ကို ဆိုင်ကယ်နဲ့တင်ခေါ်ကာ နေအိမ်ကနေ ဝပ်ဆီရိ ဆူရီယိုသင်ဒေသတွင်း ဘုရားကျောင်းတခုဆီကို ဝစ်လစ်စလစ် အခြေအနေနဲ့ သွားရောက်ခဲ့တာပါ။ သူဟာ ဘုရားကျောင်းတွင်းက ဗုဒ္ဓရုပ်ပွားတော် ရုပ်တုကြီးပေါ်ကိုလည်း တက်ခဲ့ပြီး ရမ်းကားခဲ့တာပါ။ ရဲတွေရောက်လာချိန်မှာတော့ သူဟာ ဓားထုတ်ပြီး ခုခံတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပြီးမှ ဖမ်းဆီးနိုင်ခဲ့တာပါ။ လက်ရှိမှာတော့ သူ့ကို ဖိုကလန်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းခဲ့ချိန်မှာတော့ သူဟာ ဘာလုပ်ခဲ့တယ်ဆိုတာကို မသိခဲ့ဘူးလို့ ပြောပါတယ်။ သူ့မှာ အရင်ကလည်း စိတ်ရောဂါနဲ့ပတ်သက်တဲ့ အခြေအနေ တစုံတရာ မရှိခဲ့ဘူးတဲ့အတွက် ဒါဟာ မကောင်းဆိုးဝါးပူးကပ်တာ ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ကလေးငယ်ကိုတော့ ဆေးရုံဆီပို့ဆောင်ကာ ဆက်လက်ဆေးကုသမှု ပေးထားခဲ့ရတာပါ။ ရဲစခန်းတာဝန်ရှိသူတွေကတော့ အဲဒီအမျိုးသားကို ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု၊ ဝတ္တရားနှောင့်ယှက်မှုနဲ့ အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေမှုတွေနဲ့ စွဲချက်တင်ထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
4 years Ago
Up