မူးယစ်နှင့်ကုန်ကူးမှု

June 28, 2020

ကိုဗစ်-၁၉ တိုက်ဖျက်ရေးကြောင့် မူးယစ်နှင့်ကုန်ကူးမှုများအပေါ် သက်ရောက်ဟု UNODC ထုတ်ပြန်

ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါတိုက်ဖျက်ရေးအစိုးရတွေရဲ့ လုပ်ဆောင်ချက်တွေဟာ မူးယစ်ဆေးဈေးကွက်ရဲ့ ထုတ်လုပ်မှု၊ ကုန်ကူးမှုနဲ့ စားသုံးမှု အဆင့်ထိ လက္ခဏာသွင်ပြင်အားလုံးကို သက်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂမူးယစ်တိုက်ဖျက်ရေးအဖွဲ့(UNODC)က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။  လက်တင်အမေရိက ဒေသတွင်းက အာဏာပိုင်တွေ သံတမန်တွေနဲ့ အရပ်ဘက်လူ့အဖွဲ့ အစည်းက ကိုယ်စားလှယ်တွေပါတဲ့ အွန်လိုင်းဆီမီနာမှာ ဒီအစီရင်ခံစာကို ဇွန် ၂၆ ရက်က တင်ပြခဲ့ တာပါ။  နိုင်ငံအသီးသီးမှာ ဆေးဝါးအမျိုးမျိုး ပြတ်လပ်တာ ဈေးတက်တာ နဲ့ သန့်စင်မှု ကျဆင်း တာတွေရှိတယ်လို့ အစီရင်ခံထားပါတယ်။  အာရှကနေ တင်ပို့မှု ကျဆင်းလာလို့ မူးယစ်ကုန်ကူးသူတွေဟာ အဓိက ပါဝင်ပစ္စည်းတွေ အတွက် အစားထိုးစရာတွေကို စပြီး ရှာလာကြတယ်လို့ (UNODC) ရဲ့ မက္ကဆီကို နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ပြောပါတယ်။  ရာဇဝတ်ဂိုဏ်းတွေကလည်း မူးယစ်ဆေးဖြန့်ဖြူးဖို့ နည်းလမ်းအသစ်တွေကို ရှာဖွေကျင့်သုံး လာနေတယ်လို့ သူက ဆက်ပြောပါတယ်။ လက်တင်အမေရိကဟာ ကမ္ဘာ့မူးယစ်ကုန်ကူးမှု ဗဟိုချက်ဖြစ်ပြီး တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၆၅၀ ဖိုးလောက် ရှိတယ်လို့ အမေရိကန်အခြေစိုက်တတ်သိပညာရှင် အဖွဲ့ Global Financial Integrity က ခန့်မှန်းပါတယ်။  ရာဇဝတ်ဂိုဏ်းတွေဟာ ဖန်တနော၊ ဘိန်း၊ မက်သာဖက်တာမင်း စိတ်ကြွဆေး၊ ဆေးခြောက် ကိုကင်းစတာတွေကို ထုတ်လုပ်သယ်ယူပို့ဆောင်ရာကနေ အမြတ်အကြီးအကျယ် ရနေကြပါတယ်။
11 months Ago
Up