မူးယစ်ဆေးဝါးထုတ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

November 26, 2020

တာချီလိတ်တွင် လက်နက်/ခဲယမ်းနှင့် မူးယစ်ဆေးဝါးထုတ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ လက်နက်/ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တာချီလိတ်မြို့နယ်၊ ယန်းခေါင်ကျေးရွာအနီး၊ တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းမှာ အိုက်အဲ(၂၆)နှစ် မောင်းနှင်ပြီး  အိုက်ပင်း (၂၂)နှစ် လိုက်ပါလာတဲ့  REVO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာပါ။ ယာဉ်ပေါ်မှာ BERETTA အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ GLOCK အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၆၈ တောင့်၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဆေးအဖြူရောင်အမှုန့် ၈၉ ကီလို၊ အနီရောင်အမှုန့် ၁၀ ကီလို၊ အဖြူရောင်ပေါင်ဒါအမှုန့်  ၂၅ ကီလို၊ အနံ့ထည့်ဆေးရည် ၃၀ လီတာ၊ တို့ကိုသိမ်းဆည်းရမိခဲ့ပါတယ်။ အိုက်အဲနဲ့ အိုက်ပင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပါတယ်။ ဓာတ်ပုံ- CCDACM
5 months Ago
Up