မူးယစ်ဆေးဝါးတရားခံ

January 20, 2021

ရေးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါးတရားခံ ၈၉ ဦးကို တရားစွဲ 

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ အမှုပေါင်း  ၆၃ မှုရှိပြီး အမျိုးသားအယောက် ၇၀ နဲ့ အမျိုးသမီး ၁၉ ယောက် စုစုပေါင်း ၈၉ ယောက်ကို  ဖမ်းဆီးဖေါ်ထုတ် တရားစွဲနိုင်ခဲ့တယ်လို့  မြို့နယ် မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ကနေ သိရပါတယ်။  မူးယစ်ဆေးဝါးတွေကို နယ်စပ်ဝင်ပေါက်ဖြစ်တဲ့ ဘုရားသုံးဆူနယ်စပ်ဘက်ကနေ အများဆုံးသယ်ဆောင်ဖြန့်ဖြူးဝင်လာတာဖြစ် အဲဒီကမှ ဒေသအတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးသူတွေကနေတဆင့် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လာခဲ့တာလို့  မူးယစ်တပ်ဖွဲ့စု (၃၉) ရေးမှ ရဲအရာတဦးက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးပြား  ၄၆၀၀၀ ကျော်၊ ICE  ၈ ဂရမ်၊ ဘိန်းစာ ရွက်  ၁၇၀ ကီလိုဂရမ် အပြင်လုပ်သေနတ် ၃ လက် စုစုပေါင်းကာလတန်ဖိုး ကျပ် သိန်း ၂၄၀၀ ကျော်ခန့် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ ဖမ်းဆီးမှုတွေ အရှိန်မြှင့်လာတာနဲ့အမျှ မူးယစ်ဆေးဖြန့်ဖြူးသူနဲ့ မူးယစ်သုံးစွဲတဲ့ လူငယ်တွေ အရင်ကထက်ဒေသအတွင်းမှာ လျော့နည်းကျဆင်းလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့  နယ်ကျေးရွာဘက်တွေမှာတော့ လူငယ်တွေအကြား ဘိန်းစာရွက်ကိုသုံးစွဲမှုက ရှိနေဆဲလို့လည်း ဒေသခံတွေက ဆိုပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ တရားစွဲဆိုခံရသူတွေဟာ အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ စပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရဖွယ် ရှိနေတာဖြစ်ပါတယ်။ သတင်း - နေမျိုးထွဋ် (ရေး)
9 months Ago
Up