မူးယစ်ဆေးဝါးစစ်ဆင်ရေး

December 9, 2020

ဩစတြေးလျ မူးယစ်ဆေးဝါးစစ်ဆင်ရေးအတွင်း တရားခံ ၁၃၇ ဦး ဖမ်းမိ

သြစတြေးလျနိုင်ငံမှာ မူးယစ်စစ်ဆင်ရေးအတွင်း နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၉ ရက်တာကာလမှာ တရားခံ ၁၃၇ ယောက်နဲ့ သြစတြေးလျ ဒေါ်လာ ၁၇၄,၀၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။  ဆစ်ဒနီမြို့ စစ်ဆင်ရေးအတွင်း အာဏာပိုင်တွေက သြစတြေးလျ ဒေါ်လာ ၁၁၂,၀၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။  ဒါဟာ ၂၀၁၇ နောက်ပိုင်း စစ်ဆင်ရေးတစ်ခုအတွင်း အရေအတွက်အများဆုံး ဖမ်းမိတာလို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။ နယူးဆောက်ဝေးပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်ကတည်းကစပြီး တရားမဝင်ပစ္စည်းတွေ ပို့ဆောင်ဖို့ ဖုန်းခေါ်ဆိုတဲ့ အရေအတွက် သိသိသာသာ တိုးလာခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ လူ ၇၇ ယောက်ကို မူးယစ်မှောင်ခိုမှုနဲ့ စွဲချက်တင်ပြီး လူ ၆၀ ကို မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုနဲ့ စွဲချက်တင်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up