မူးယစ်ဆေးများ

November 13, 2020

လားရှိုးအဝေးပြေးကားဝင်းတွင် ပါဆယ်ဖြင့်ပို့မည့် မူးယစ်ဆေးများ ဖမ်းမိ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ မူးယစ်ဆေးဝါးတွေကို အဝေးပြေးကားဂိတ်မှ တဆင့် ပါဆယ်နဲ့ ပို့ဆောင်မယ့် အမျိုးသား ၂ ယောက်ကို စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ နဲ့အတူ နိုဝင်ဘာ ၁၂ နေ့က ဖမ်းမိခဲ့တယ်လို့ လားရှိုးမြို့ ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။  လားရှိုးမြို့ နားမခေါ်ကားကွင်းရှိ လားရှိုး - ရန်ကုန် ပြေးဆွဲတဲ့ ရာဇာထွန်း အဝေးပြေးယာဉ်လိုင်းသို့ ပါဆယ်ပို့ဆောင်ဖို့ လာရောက်တဲ့ အမျိုးသား ၂ ယောက်ရဲ့  ဂျပ်ဖာတစ်ခုကို  ရဲတပ်ဖွဲ့က စစ်ဆေးရာ တရုတ်နိုင်ငံထုတ် Portable Speaker ၉ လုံး အတွင်း ကျပ်သိန်း ၆၀၀ တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၆၀,၀၀၀ ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။ မူးယစ်ဆေးဝါးတွေနဲ့အတူ  ဖမ်းဆီးရမိတဲ့ တရားခံ နှစ်ယောက်ကို လားရှိုးမြို့မရဲစခန်းမှာ မယ ( ပ ) ၁၅၉/ ၂၀၂၀၊ မူး/ စိတ် ပုဒ်မ- ၁၉ ( က )/ ၂၀ ( က )/ ၂၁ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ဓာတ်ပုံ-  လားရှိုးမြို့ရဲတပ်ဖွဲ့ရုံး 
1 year Ago

October 8, 2020

မြစ်ကြီးနားတွင် ငွေကျပ်သိန်း ၅၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ ငွေကျပ် သိန်း ၅၇၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၆ ရက်နေ့ ၉ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မြစ်ကြီးနားမြို့နယ်၊ ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းမှာ မော်တော်ယာဉ်တွေအား စစ်ဆေးရှာဖွေစဉ် ဖမ်းဆီးမိခဲ့တာပါ။  မြစ်ကြီးနားမြို့ဘက်ကနေ နမ္မတီးမြို့ဘက်ကို ဖားကန့်မြို့နယ်နေ လထွဲ (၂၂ နှစ်) မောင်းလာတဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဂျပ်စက္ကူပုံးအတွင်းကနေ ကာလပေါက်စျေးငွေကျပ် ၅၃၉ သိန်း တန်ဖိုးရှိ ဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ၇၇၀ ဂရမ်၊ ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ ငွေကျပ် ၃၆ သိန်း တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၀၀ ပြားနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေ ရောင်းချတဲ့ မိုးကောင်းမြို့နယ်၊ နောင်ကိုင်တော်ရပ်ကွက်နေ ကျော်ကျော်စိုး (၄၆ နှစ်) နဲ့ မဂျာအောင် (၃၅ နှစ်) တို့အား ဆီဆိုင်နဒြ မရမ်းတောင်ဂိတ်ကြားမှာ TOYOTA HIACE အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ လက်ကိုင် ဖုန်း ၂ လုံး၊ အဲဒီနေရာကို ဆိုင်ကယ်နဲ့ ရောက်ရှိလာတဲ့ အတူပူးပေါင်းပါ ဝင်သူ ဖားကန့်မြို့နယ်နေ မျိုးအောင် ၂၄ နှစ်အား လက်ကိုင်ဖုန်း ၁ တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းချသူ မြစ်ကြီးနားမြို့နေ ဒေါ်အေးပိန်(ခ)မရှမ်းမ (၄၃ နှစ်) ကိုလည်း နေအိမ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၄ ပြား၊ မြန်မာငွေကျပ် ၃ သိန်း၊ လက်ကိုင်ဖုန်း ၁ လုံး၊  မော်တော်ယာဉ် ၁ စီးတို့နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်ဆီးမိသူတွေကို မြစ်ကြီးနားနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
1 year Ago
More News
Up