မူးယစ်ဂိုဏ်း

June 18, 2020

မူးယစ်ဂိုဏ်း၏တိုက်ခိုက်မှုကြောင့် ကိုလံဘီယာစစ်သည် ၆ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံ တောတွင်းဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့  အစိုးရတပ်ဖွဲ့တစ်ဖွဲ့ကို   မူးယစ်ဂိုဏ်းက တိုက်ခိုက်ခဲ့လို့  စစ်သား ၆ ယောက်ထက်မနည်း သေဆုံးပြီး  ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။  ကာကယ်တာမြို့ရဲ့   ဆမ်ဟွမ်းဒယ်လိုဟာဒါ   ကျေးလက်ဒေသအနီးမှာ   ချုံခိုတိုက်ခိုက်ခံရ တာဖြစ်ပြီး အဲဒီတပ်ဖွဲ့ဟာ မူးယစ်မှောင်ခိုတွေကို ထိုးစစ်ဆင်နွှဲနေတာဖြစ်ပါတယ်။   ကျဆုံးစစ်သည်တွေကို သူရဲကောင်းတွေအဖြစ်  သမ္မတ အီဗန်ဒူကေးက ပြောဆိုလိုက်ပြီး  မူးယစ်ဂိုဏ်းတွေကို ဥပဒေရှေ့မှောက် အရောက်ပို့ဖို့ စစ်တပ်အင်အားကို အစွမ်းကုန်  သုံးသွားမယ်လို့ လည်း သမ္မတက ကတိပြု ပြောပါတယ်။  ဒီတိုက်ခိုက်မှု ကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့လည်း ရိုက်တာက ရေးပါတယ်။
1 year Ago

December 11, 2019

မူးယစ်ဂိုဏ်းနှင့်ဆက်နွှယ်သည့် မက္ကဆီကို အစိုးရအရာရှိဟောင်းကို အမေရိကန် ဖမ်းဆီး

အမေရိကန်ဒေါ်လာ သန်းချီ လာဘ်ငွေယူပြီး မက္ကဆီကိုနိုင်ငံအတွင်း စီနာလိုအာ မူးယစ်ဂိုဏ်းကို လှုပ်ရှားခွင့်ပေးမှုအတွက် မက္ကဆီကိုအစိုးရ အရာရှိဟောင်းတယောက်ကို ဖမ်းဆီးလိုက်ပြီလို့ ဘရွတ်ကလင်မြို့က အမေရိကန်ပြည်ထောင်စု အစိုးရရှေ့နေတွေက ဒီဇင်ဘာ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။ မက္ကဆီကိုပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအေဂျင်စီရဲ့ အကြီးအကဲအဖြစ် ၂၀၀၁ ကနေ ၂၀၀၅ ကြား၊ ပြည်သူ့လုံခြုံရေးဝန်ကြီးအဖြစ် ၂၀၀၆ ကနေ ၂၀၁၂ ခုနှစ်ကြားမှာ တာဝန် အသီးသီး ထမ်းဆောင်ခဲ့တဲ့ ဂျေနာရိုဂါစီယာလူနာကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒါးလတ်စ်မြို့မှာ ဖမ်းခဲ့တာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ တာဝန်ယူချိန်မှာ သူ့ကို လာဘ်ထိုးပြီး စီနာလိုအာ မူးယစ်ဂိုဏ်းက မူးယစ်ဆေး တင်ထားတဲ့ သင်္ဘောတွေဟာ ဘေးကင်းကင်း သွားလာနိုင်ခဲ့ကြတယ်လို့ ဘရွတ်ကလင်း ပြည်ထောင်စုခုံရုံးမှာ တင်ထားတဲ့စွဲချက်က ဆိုပါတယ်။ ဂါစီယာလူနာဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်နိုင်ငံသားအဖြစ် လျှောက်ထားခဲ့ချိန်က မူးယစ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သူ့လုပ်ရပ်တွေအတွက် အမေရိကန် အာဏာပိုင်တွေကို လိမ်ညာခဲ့တယ်လို့လည်း အမေရိကန် အစိုးရရှေ့နေတွေက ပြောခဲ့ပါတယ်။
2 years Ago
More News
Up