မူးယစ်​​ဆေးဝါး

September 15, 2018

ရတနာပုံတက္ကသိုလ်​အနီး ​ကျောင်းသားကျောင်းသူ ၂ ဦးထံမှ မူးယစ်​​ဆေးဝါးများ ဖမ်းမိ

မန္တလေးမြို့ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်​အနီး အဆောင် ၂ ခုမှ ​ကျောင်းသားတဦးနဲ့ ​ကျောင်းသူတဦးဆီက မူးယစ်​​ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ရတနာပုံတက္ကသိုလ်​အနီး တောင်​သမာန်​​ကျေးရွာအုပ်​စု၊ ထန်း​တောရပ်​ကွက်​အတွင်းမှာ ဖွင့်​လှစ်​ထားတဲ့ ငြိမ်းချမ်းသာယာ အမျိုးသား​ဘော်​ဒါ​ဆောင်​မှာ ​နေထိုင်​တဲ့ ကျောင်းသားတဦးနဲ့ ပန်းရင်​ခွင်​ အမျိုးသမီး​ဆောင်​တွင်​​နေထိုင်​တဲ့ ကျောင်းသူတဦးကို အမရပူရမြို့နယ်​ရဲတပ်​ဖွဲ့က နယ်​ထိန်း​ခေါင်း​ဆောင်​ ရဲအုပ်​မင်းပိုင်​ဦးတို့ အဖွဲ့နဲ့အတူ ​တောင်​သမာန်​​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​စိန်​နဲ့ ရာအိမ်​မှူးများ၊ သတင်းတပ်​ဖွဲ့များက စက်တင်ဘာလ ၁၄ ရက်​​န့က သတင်း​အရ ဝင်​​ရောက်​ရှာ​ဖွေခဲ့ရာမှ မူးယစ်​​ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့​တယ်လို့ သိရပါတယ်။ ကျောင်းသူဆီကနေ WY စာတန်းပါ စိတ်ကြွဆေးပြား ၃၈ ပြားနဲ့ ကျောင်းသားဆီကနေ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၇ ပြား၊ စုစု​ပေါင်း ၅၅ ပြား ဖမ်းဆီးရမိပါတယ်​။ သူတို့ ၂ ဦးကို အမရပူရမြို့နယ် ​​မြို့မရဲစခန်းက​ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေအရ အ​ရေးယူ​ ဆောင်​ရွက်​သွားမှာဖြစ်​တယ်​လို့ အမရပူရမြို့နယ်​ မြို့မစခန်းမူး ဒုရဲမှူးဆန်းဝင်းက​ ပြောပါတယ်​။
3 years Ago
Up