ဖိလစ်ပိုင် မူးယစ်ဆေးနှိမ်နင်းရေး စီမံကိန်းကြောင့် သေဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ကီယန်လွိုဒ် ဒေလို့စ်ဆန်သို့စ် (Kian Loyd delos Santos) ရဲ့ မိဘတွေကို သြဂုတ် ၂၈ ရက်နေ့မှာ သမ္မတ ဒူတာတေးက သမ္မတနန်းတော်မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
ဒေလို့စ် ဆန်သို့စ်ဟာ အသတ်မခံရမီ သြဂုတ် ၁၆ ရက်နေ့မှာ အမှိုက်တွေပြည့်ပြီး မှောင်မည်းနေတဲ့ လမ်းကြားထဲကို အရပ်ဝတ်နဲ့ ရဲတွေက ဆွဲခေါ်သွားတာ ခံခဲ့ရပြီးနောက်မှာ ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။
သူသေဆုံးမှုနဲ့ပတ်သက်လို့ သြဂုတ် ၂၆ ရက်နေ့က ဖိလစ်ပိုင်မှာ ဒူတာတေးရဲ့ မူးယစ်ဆေးနှိမ်နင်းရေးကို အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။
ဖိလစ်ပိုင်သမ္မတပြန်ကြားရေး RTVM တီဗွီက ထုတ်လွှင့်တဲ့သတင်းမှာ အသံမပါတဲ့ ဆွေးနွေးနေပုံ ဗွီဒီယိုကိုပြသပြီး ဘာတွေဆွေးနွေးခဲ့ကြတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ရဲတွေကတော့ ဒေလို့စ်ဆန်သို့စ်က သူတို့ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ခုခံရင်း ပစ်ခဲ့တာလို့ ပြောပါတယ်။
တရားရုံးချုပ်နဲ့ သမ္မတပြောရေးဆိုခွင့်ရှိသူကတော့ ဆယ်ကျေယ်သက်အရွယ် ဒေလို့စ်ဆန်သို့စ်ကို သတ်တဲ့အမှုဟာ မူးယစ်နှိမ်နင်းရေးနဲ့ မသက်ဆိုင်တဲ့ သီးသန့်အမှုတခု ဖြစ်တယ်လို့ ပြောပါတယ်။
ဝေဖန်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မရိုးသားတဲ့ ရဲတွေရဲ့ မူးယစ်နှိမ်နင်းမှုလို့ ခေါင်းစဉ်တပ်ထားတဲ့ လူသတ်မှုဆိုပြီး ဝေဖန်နေကြပါတယ်။
5 years Ago