မူးယစ်ဆေး ကင်းစင်ရေး

May 26, 2018

မူးယစ်ဆေး ကင်းစင်ရေး တမူးမြို့တွင် ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ မူးယစ်ဆေးဝါးကင်းစင်ရေးနဲ့ မူးယစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး လူထုလှုပ်ရှားမှုကို မေလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ တမူးမြို့ ဗိုလ်ချုပ်ပန်းခြံဝင်းအတွင်းကနေ မနက် ၉ နာရီကစတင်ပြီး လမ်းလျှောက်ဆန္ဒပြထုတ်ဖော်ခဲ့ကြပြီး လူဦးရေ ၁၅၀ ကျော် ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ မူးယစ်ဆေးဝါးကင်းစင်ရေး၊ တမူးဒေသအတွင်း မူးယစ်ဆေးဝါးပပျောက်ရေး၊ ပြည်သူတွေ မူးယစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး စတဲ့အချက်တွေကို ကြွေးကြော်ခဲ့ကြပါတယ်။ တမူးဒေသမှာ လူငယ်တွေ မူးယစ်ဆေးဝါးစွဲမှုတွေ မြင့်တက်လာတာကြောင့် အခုလို လှုပ်ရှားမှု ပြုလုပ်ရတာလို့ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်သူ ဒေသခံ ကိုဇော်ဌေးက ပြောပါတယ်။ သတင်း-ဂေါင်ဂေါင်
3 years Ago
Up