မူးယစ်ဆေးဝါးမှုဖြင့် ထိုင်း ၁ ဦးနှင့် မြန်မာအမျိုးသမီး ၂ ဦးကို ဖမ်းဆီး

May 10, 2016

မူးယစ်ဆေးဝါးမှုဖြင့် ထိုင်း ၁ ဦးနှင့် မြန်မာအမျိုးသမီး ၂ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်ခရိုင်မှာ ထိုင်း ၁ ဦးနဲ့ မြန်မာ ၂ ဦးကို အိုက်စ် မူးယစ်ဆေးဝါး ၃၀ ကီလိုဂရမ်နဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ မေ ၉ ရက်မှာ မူးယစ်ဆေးဝါး နှိမ်နှင်းရေး အရာရှိတွေက ဒေသခံ ရဲတပ်ဖွဲ့၊ စစ်တပ်တွေနဲ့ ပူးပေါင်း ဖမ်းဆီးလိုက်တာလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။ ဖမ်းဆီးထားတဲ့ ထိုင်းအမျိုးသားကတော့ တဆောင်ရမ်းခရိုင်က အပီရော့ ခီရီပေါင်ဆာခွန် ဖြစ်ပြီး မြန်မာအမျိုးသမီး ၂ ဦးကတော့ ဘယ်သူလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့တွေက မူးယစ်ဆေး ၀ယ်ယူတဲ့သူအဖြစ် ဟန်ဆောင်ဟာ မူးယစ်ဂိုဏ်းကို ဆက်သွယ်ခဲ့ပြီး အိုက်စ် ၃၀ ကီလိုဂရမ်ကို ဘတ် ၂၂ သန်းနဲ့ဝယ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကို မြန်မာဘက်ကနေ သောင်ရင်းမြစ်ကိုဖြတ်ပြီး မဲဆောက်ခရိုင်ကို မှောင်ခိုသွင်းယူခဲ့တာ ဖြစ်ပါတယ်။ သံသယရှိသူတွေကို ဘန်ကောက်က မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗျူရိုကို ခေါ်ဆောင်သွားပါတယ်။
6 years Ago
Up