မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရေးကြီးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး

A d v e r t i s e m e n t With Us

June 26, 2019

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပန်းချီ၊ ကာတွန်း၊ ပိုစတာဆုရသူများကို ဆုချီးမြှင့် 

ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့မှာရှိတဲ့ မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ် ပြတိုက်မှာ ဒီကနေ့ မနက်က ကျင်းပပါတယ်။ ဗဟိုအဆင့်နဲ့ တိုင်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျုတာပန်းချီ ပြိုင်ပွဲတွေမှာ ဆုရရှိခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို နိုင်ငံတော်က ဆုတွေ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်တဲ့ ကျောင်းသားကျောင်းသူ အယောက် ၇၄၀ ရှိခဲ့ပြီး ဗဟိုအဆင့်မှာ ပထမဆု ၆ ယောက် ၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုအပါအ၀င် ဆုပေါင်း ၃၉ ခု နဲ့ တိုင်းဒေသကြီးအဆင့်မှာလည်း ဆုပေါင်း ၉၃ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင် ရန်ကုန်တိုင်းဒေသကြီးမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အမှုပေါင်း ၁၁၄၁ မှုနဲ့ တရားခံပေါင်း ၁၇၅၄ ယောက်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူနိုင်ခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မူးယစ်ဆေးဝါး အမျိုးအစားပေါင်း ၂၂ မျိုးကို တပြိုင်တည်း မီးရှို့ ဖျက်စီးခဲ့ပြီး တန်ဖိုးငွေကျပ် သန်းပေါင်း ၁၆၃၀၀၀ ကျော် အမေရိကန်ဒေါ်လာ ၁၀၈ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
2 years Ago

February 25, 2016

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရေးကြီးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး

ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ‘မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပြည်သူလူထု ပါဝင်လာမှုပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ လွှတ်တော်က တိုက်တွန်းကြောင်း အရေးကြီးအဆို’ကို ဒီကနေ့ ကိုယ်စားလှယ် ၂၃ ဦးက စတင်ဆွေးနွေးပါတယ်။ အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ဝိုင်းမော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံး တင်သွင်းခဲ့တာဖြစ်ပါတယ်။ လူတစ်ထောင်ကျော်ပါဝင်တဲ့ ကချင်လူထု အခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (ပတ်ဂျဆန်) အဖွဲ့က ကချင်ပြည်နယ်တွင်းမှာ ဘိန်းခင်းတွင် ဖျက်စီးရာမှာ ဘိန်းခင်းရှင်တွေရဲ့နှောင့်ယှက်ခံရမှု၊ တပ်ဘက်က တားမြစ်မှု တွေကြုံနေရချိန်မှာ အဖွဲ့ခေါင်းဆောင်က နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို သွားရောက်တင်ပြခဲ့တဲ့အတွက် အရေးကြီးအဆို တင်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်တဦးကို ၆ မိနစ်ကြာ ဆွေးနွေးခွင့်ပြုထားပါတယ်။
5 years Ago
Up