ထိုင်းနိုင်ငံမှာ မူးယစ်ဆေးသံသယရှိသူတဦးကို ရဲတွေက လိုက်လံဖမ်းဆီးတဲ့ ရုပ် သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဒီအဖြစ်အပျက်ဟာ ဘန်ကောက်မြို့လယ်ခေါင်မှာ ဖြစ်ခဲ့တာဖြစ်ပြီး မူးယစ်ဆေး သံသယရှိသူ အမျိုးသားဟာ ချက်ဗရိုလက်ပစ်ကပ်ကားတစီးနဲ့ လမ်းသွယ်လမ်းကြား တွေကတဆင့် ရဲတွေလက်ကလွတ်အောင် မောင်းထွက်ပြေးခဲ့တာလို့ ဒေးလီးနယူးစ်သ တင်းမှာ ဇန်န၀ါရီလ ၆ ရက်နေ့က ဖော်ပြပါတယ်။
ရဲတွေဟာ ဆိုင်ကယ်တွေနဲ့ အဲဒီကားနောက်ကို လိုက်ခဲ့ကြချိန်မှာ လမ်းမပေါ်က တခြားယာဉ်တွေကို ဘေးကရှောင်ရှားနိုင်ဖို့ သတိပေးဟွန်းတီးကာ ဖြတ်ကျော်တက်ခဲ့ ကြတာကို တွေ့ရပါတယ်။
အဆိုပါသံသယရှိသူအမျိုးသားဟာ ကန်ဖိန်ဖစ်လမ်း ရဲစစ်ဆေးရေးဂိတ်မှာ ကား ကို စစ်ဆေးဖို့ ရပ်တန့်ချိန်မှာ မောင်းနှင်ထွက်ပြေးခဲ့တာလို့ ၀န်ခံထွက်ဆိုပါတယ်။
မိနစ် ၆၀ ကြာမြင့်ချိန်မှာတော့ ရဲတွေကာ ကားရဲ့ တာယာလေးဘီးလုံးကို သေ နတ်နဲ့ ပစ်ခဲ့ပြီး လက်ရဖမ်းဆီးနိုင်ခဲ့ပေမယ့် သူ့ရဲ့လက်ထဲမှာ ယာဘစိတ်ကြွမူးယစ်ဆေး ပြားတပြားနဲ့ မက်သဖက်တမင်း ၀ ဒဿမ ၄ ဂရမ်ကိုသာ တွေ့ရှိခဲ့ရတာပါ။
ဒါပေမယ့် ခုလိုခက်ခက်ခဲခဲလိုက်လံဖမ်းဆီးခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် စီသိဖွန် ဖမ်ဖောင်ကတော့ သူဟာ ချစ်သူမိန်းကလေးနဲ့ တွေ့ဆုံဖို့အသွား ဆေးအနည်းငယ်ယူသွားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
လိုက်လံဖမ်းဆီးခဲ့တဲ့ ရဲအရာရှိတဦးကတော့ ဆိုင်ကယ်လဲတဲ့အတွက် ဒဏ်ရာတွေရရှိခဲ့ပြီး ဖမ်းဆီးမိတဲ့ အခြေအနေအသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
6 years Ago