မူးယစ်ဆေးဝါး အရောင်းအဝယ်နှင့် ပတ်သက်သည့် စွပ်စွဲချက် ဖိလစ်ပိုင်သမ္မတ၏သား ငြင်းဆို

September 8, 2017

မူးယစ်ဆေးဝါး အရောင်းအဝယ်နှင့် ပတ်သက်သည့် စွပ်စွဲချက် ဖိလစ်ပိုင်သမ္မတ၏သား ငြင်းဆို

ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့သားဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်တန်ကြေး ပမာဏရှိတဲ့ မူးယစ်ဆေးဝါး အရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုသွားပါတယ်။ စက်တင်ဘာ ၇ ရက်က တရုတ်နိုင်ငံကလာတဲ့ သင်္ဘောပေါ်မှာ အမေရိကန်ဒေါ်လာ ၁၂၅ သန်း တန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာပါ။ အဲဒီ မူးယစ်ဆေးဝါး အရောင်းအဝယ်ကိစ္စမှာ ဖိလစ်ပိုင်သမ္မတရဲ့သား ပါလိုဒူတာတေး ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဖိလစ်ပိုင် အထက်လွှတ်တော်က သူ့ကို မေးမြန်းစုံစမ်းခဲ့တာလည်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတဲ့သင်္ဘော မနီလာဆိပ်ကမ်းကို ဆိုက်ကပ်နိုင်အောင် ပါလိုဒူတာတေးက ကူညီခဲ့တယ်လို့ သမ္မတဒူတာတေးရဲ့ ပြိုင်ဘက် လွှတ်တော်အမတ်တွေက ယုံကြည်နေကြတာပါ။ သမ္မတဒူတာတေးကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ အထက်လွှတ်တော်အမတ် အန်တိုနီယို ထရီလာနီးက ပါလိုဒူတာတေးနဲ့ စီးပွားရေးသမားတဦး ယှဉ်တွဲရိုက်ထားတဲ့ ဓာတ်ပုံအထောက်အထားကို လွှတ်တော်ကော်မတီထံ တင်ပြခဲ့ပါတယ်။ အဲဒီစီးပွားရေးသမားဟာ အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးသင်္ဘောနဲ့ နောက်ကွယ်က ပတ်သက်နေသူလည်း ဖြစ်ပါတယ်။ ဒီမူးယစ်ဆေးသင်္ဘောကိစ္စမှာ သမ္မတဒူတာတေးရဲ့သားမက် မာနေးဆေး ကာပရီယိုလည်း ပါဝင်ပက်သက်နေတယ်လို့ စွပ်စွဲထားကြပါတယ်။ “ကျနော် ဒီကိုလာရောက်ရတာက ဖိလစ်ပိုင်ပြည်သူတွေအတွက်၊ ကျနော် ဝန်ထမ်းပေးနေတဲ့ ဒါဗိုအီိနို ပြည်သူတွေအတွက်ပါ။ ကျနော် အလွန်စိတ်မကောင်း ဖြစ်ရပါတယ်။ တောင်းလည်းတောင်းပန်ပါတယ်။ ကျနော် အခုလို ကောလာဟလတွေအပေါ် အခြေခံတဲ့ စွပ်စွဲချက်တွေကို မဖြေနိုင်ပါဘူး" လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့သား ပါလိုဒူတာတေးက ပြောကြားသွားတာပါ။ သမ္မတဒူတာတေးရဲ့သားမက် မာနေဆေး ကာပရီယိုကလည်း “ကျနော် လွှတ်တော်ကော်မတီရှေ့မှောက်ကို ရောက်လာရတာက ဒီမူးယစ်ဆေးဝါးသင်္ဘောနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သိလည်းမသိသလို ပတ်သက်မှုလည်းမရှိဘူး ဆိုတာကို တရားဝင်ကြေညာဖို့ပါ” လို့ ပြောကြားသွားပါတယ်။
4 years Ago
Up