မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများအား ဖျက်ဆီး

June 24, 2018

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများအား ဖျက်ဆီး

မူးယစ်းဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေပုဒ်မ၊ ၁၅/၁၆(ခ)/၂၁ အမှုတွေနဲ့ မူဆယ်ခရိုင်အတွင်း ဖမ်းဆီးရမိတဲ့ သက်သေခံ ပစ္စည်းတွေဖြစ်တဲ့ ထိန်းချုပ်ဓာတု ပစ္စည်းတွေကို ဒီကနေ့ ၂၄  ရက်နေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့က ဖျက်ဆီးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ ဟိုက်ဒိုကရိုရစ် အက်စစ် ၈၀၆၇၂.၄၃ လီတာ၊ ဆာလာဖြူရစ်အက်စစ် ၆၉၉၈.၂၅ လီတာ၊ ပရိုဒိုကလိုရစ်အက်စစ် ၅၀ ဂါလံဝင်-၃၄၅ ပေပါတို့ကို ဖျက်ဆီးခဲ့တာပါ။ အခုလိုဖျက်ဆီးတာဟာ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
3 years Ago
Up