မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပန်းချီ၊

March 14, 2019

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် စစ်တွေခရိုင်တွင် လူငယ်ရေးရာကော်မတီဖွဲ့စည်း

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပါအ၀င်တခြားကိစ္စရပ်တွေ ပူးပေါင်းလုပ်ဆောင်ဖို့ လူငယ်ရေးရာကော်မတီတခုကို ရခိုင်ပြည်နယ် စစ်တွေခရိုင်မှာ မတ်လ ၁၂ ရက်က ဖွဲ့စည်းလိုက်ပါတယ်။ လူငယ်ရေးရာကော်မတီကို အစိုးရဘက်က ၄၀ ရာခိုင်နှုန်းနဲ့ လူငယ်အင်အား ၆၀ ရာခိုင်နှုန်းနဲ့ပါဝင်ဆောင်ရွက်ဖို့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပါအ၀င် လူငယ်တွေနဲ့ ပတ်သက်တဲ့ မူဝါဒ ၁၅ ချက်သတ်မှတ်ထားပါတယ်။ ပြည်ထောင်စုအဆင့်အနေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်လို့  မြို့နယ်ကနေ တိုင်းဒေသကြီးအဆင့် အထိကော်မတီတွေပါဝင်သလို တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ LGBT တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်း လာဖို့အတွက် လူငယ်တွေက အဓိကအခန်းကဏ္ဍကနေပြီး ပူးပေါင်းကြိုးပမ်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်း လိုက်တာလို့လည်းဆိုပါတယ်။ လတ်တလော ရခိုင်ပြည်နယ်အဆင့်ကော်မတီနဲ့ သံတွဲခရိုင်၊ စစ်တွေခရိုင်တို့မှာသာ ဖွဲ့စည်းထားပြီး တခြားခရိုင်တွေမှာလည်း ဆက်လက်ဖွဲ့စည်းဖို့ ကြိုးပမ်းနေကြတယ်လို့ ပြည်နယ်အဆင့် တာဝန်ရှိသူ တဦးကပြောပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနတို့က အဲဒီကော်မတီမှာ အဓိကပါဝင်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ လူငယ်တော်တော်များများက မူးယစ်ဆေးဝါးသုံးစွဲလာကြတဲ့အတွက် မူးယစ်အန္တရာယ်ကိုကြိုတင်ကာကွယ်ဖို့နဲ့ လူငယ်တွေ  စာဖတ်လာအောင် ကြိုးပမ်းသွားကြမယ်လို့လည်း ကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။
2 years Ago

June 26, 2017

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပန်းချီ၊ ကာတွန်း၊ ပိုစတာဆုများ ချီးမြှင့် (ဓာတ်ပုံ)

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ထိမ်းအမှတ်အနေနဲ့ ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့မှာရှိတဲ့ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ် ပြတိုက်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါဆုချီးမြှင့်ပွဲမှာ ဗဟိုအဆင့်နဲ့တိုင်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနဲ့ ကွန်ပျုတာပန်းချီပြိုင်ပွဲတွေမှာ ဆုရရှိခဲ့တဲ့  ကျောင်းသူ ကျောင်းသား အယောက် ၇၈ ယောက်ကို ဆုပေါင်း ၁၃၀ ဆု ချီးမြှင့်ခဲ့ပါတယ်။
4 years Ago
Up