မူးယစ်ဆေးဝါးဂိုဏ်းများ၏ ပစ်ခတ်မှုကြောင့် အာဂျင်တီးနားနိုင်ငံသူတဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရ

March 1, 2017

မူးယစ်ဆေးဝါးဂိုဏ်းများ၏ ပစ်ခတ်မှုကြောင့် အာဂျင်တီးနားနိုင်ငံသူတဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရ

ကာနီဗယ်ပွဲတော်အတွက် ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနဲရီးယိုးမြို့ကိုရောက်နေတဲ့ အင်ဂျင်တီးနားနိုင်ငံသူတဦး ဖေဖော်ဝါရီ ၂၈ ရက်နေ့က မူးယစ်ဆေးဝါးဂိုဏ်းတွေရဲ့ ပစ်ခတ်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ အသက် ၄၂ နှစ်အရွယ် နာတာလီယာ လော်ရန်နာ ကက်ပက်တီ ဖြစ်တယ်လို့ ကျန်းမာရေးဌာန အရာရှိတွေက အတည်ပြုပါတယ်။ နာတာလီယာ၊ သူ့ရဲ့ခင်ပွန်းနဲ့ တခြားအဖော် ၂ ဦးတို့ဟာ ကာနီဗယ်ပွဲတော်ကို သွားဖို့အတွက် Google Map မြေပုံကိုကြည့်ပြီး ကားမောင်းရာမှာ ဒုစရိုက်ထူပြောပြီး အိုးမဲ့အိမ်မဲ့တွေနေထိုင်တဲ့ မိုရိုဒေါ့စ်ပရာဇယ်ရက်စ်အရပ်ကို ရောက်ရှိသွားပါတယ်။ လမ်းမှားဝင်လာတဲ့ အဲ့ဒီကားကို မူးယစ်ဂိုဏ်းတွေက ပစ်ခတ်ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း အဲဒီ့အရပ်ထဲ လမ်းမှားပြီးဝင်လာတဲ့ အီတလီ ကမ္ဘာလှည့်ခရီးသည်တဦး မူးယစ်ဂိုဏ်းတွေရဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြာင်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up