မူးယစ်ဆေးဝါးဂိုဏ်း

A d v e r t i s e m e n t With Us

September 24, 2016

မူးယစ်ဆေးဝါးဂိုဏ်း ဝင်ရောက်စီးနင်းစဉ် ပစ်ခတ်မှုဖြစ်၊ ရေခဲသေတ္တာထဲ ၆ ပိုင်းပိုင်းထားသည့်အလောင်း တွေ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စုခိုဗစ် ၅၆ လမ်း ရှိအဆောက်အဦတခုအတွင်း ပတ်စပို့တ်အတုနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတခုကို ၀င်ရောက်ရှာဖွေဖမ်းဆီးစဉ် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတဦးဒဏ်ရာ ရရှိခဲ့တဲ့အပြင် ၆ ပိုင်းပိုင်းထားတဲ့ လူသေအလောင်းကိုလည်း တွေ့ရှိခဲ့ပါတယ်။ 1999265စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက ဘန်ကောက်မြို့ ပရာခနွန်ခရိုင် ၅ ထပ်အဆောက်အဦ ရဲ့ မြေညီထပ်မှာ ရဲအဖွဲ့ဝင် ၉ ဦးဟာ သတင်းအရ ပတ်စပို့တ်အတုလုပ်ငန်းနဲ့ မူးယစ်ဆေးဝါး ဂိုဏ်းကို ဖမ်းဆီးဝရမ်းနဲ့ ရှာဖွေစဉ် နိုင်ငံခြားသားမှ စတင်ပစ်ခတ်ခဲ့တဲ့အတွက် ရဲအရာရှိ ကန်ချနဖုန်ချီဒဲ့ ဒဏ်ရာရှိခဲ့ပါတယ်။ ဒါ့အပြင် ရဲတွေက အဆောက်အဦအတွင်း သက်သေခံပစ္စည်းရှာဖွေစဉ် သော့ခတ်ပိတ်ထားတဲ့ ရေခဲသေတ္တာထဲ ကနေ ၆ ပိုင်းပိုင်းထားတဲ့ နိုင်ငံခြားသား လူသေအလောင်း ၁ နဲ့ ခေါင်းအပြတ်တခုကို ပလတ်စတစ်အိတ်အမဲနဲ့ ထည့်ထားတာကို တွေ့ရှိခဲ့တာပါ။ လူသေအလောင်း ရှာမတွေ့ခင် ဗြိတိန်နိုင်ငံသား ၁ ဦး၊ အမေရိကန်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးတို့ကို ရဲတွေက ဖမ်းဆီးခဲ့ပြီး သေနတ်သုံးလက်လည်း သိမ်းဆည်း ရမိခဲ့ပါတယ်။ အခုဖမ်းဆီးခံထားရသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ လူဝန်မှုကြီးကြပ်ရေး ဝန်ထမ်း တွေက စုံစမ်းဆဲဖြစ်ပြီး အခုထိဘယ်သူတွေဆိုတာ မသိရှိသေးပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသား ၂ ဦးကတော့ အိမ်အကူလင်မယားဖြစ်ပြီး အမှုကျူးလွန်တဲ့ သူတွေအထဲမှာ မပါဝင်ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံသား အိမ်အကူလင်မယားက “အခုဂိုဏ်းဟာ ဒီအခန်းမှာ ငှားရမ်းနေထိုင်တာ ၃ လသာ ရှိသေးကြောင်း သူတို့အနေနဲ့ တပတ်ကို ၂ ကြိမ် ၃ ကြိမ် အိမ်သန့်ရှင်းရေး လာရောက်လုပ်ရကြောင်း သူတို့ ပထဦးဆုံး အလုပ်လုပ်တဲ့ နေ့ကတည်းက လူသေ အလောင်းထည့်ထားတဲ့ ရေခဲသေတ္တာကို မြင်ပေမယ့် သော့အမြဲခတ်ထားတာကြောင့် ဘယ်တော့မှ ရေခဲသေတ္တာအထဲကို မကြည့်ခဲ့ကြောင်း ပြောခဲ့တယ်”လို့ ပြောပါတယ်။ ရဲတွေက စုံစမ်းရှာဖွေစဉ်အတွင်း လူထုအနေနဲ့ ဘာမှ မစိုးရိမ်ဖို့လည်း ပြောကြားခဲ့ပါတယ်။ အမေရိကန် အာဏာပိုင်တွေကလည်း ဒီအမှုကို စိတ်ဝင်စားကာ စုံစမ်းရှာဖွေမှုကို ပူးပေါင်းနိုင်တယ်လို့လည်း သိရပါတယ်။
4 years Ago
Up