မူးယစ်ဆေးပို့နေသည့် ဥမင်လှိုင်ခေါင်းကြီး မက္ကဆီကိုအာဏာပိုင်များ တွေ့ရှိ (ရုပ်သံ)

A d v e r t i s e m e n t With Us

October 23, 2015

မူးယစ်ဆေးပို့နေသည့် ဥမင်လှိုင်ခေါင်းကြီး မက္ကဆီကိုအာဏာပိုင်များ တွေ့ရှိ (ရုပ်သံ)

မက္ကဆီကို ပြည်ထောင်စုရဲတွေဟာ မက္ကဆီကို မြောက်ပိုင်းကနေ အမေရိကန်နိုင်ငံဆီ မူးယစ်ဆေးဝါးတွေ ပို့နေတဲ့ ဥမင်တခုကို ရှာတွေ့ခဲ့ပါတယ်။ ဆေးခြောက် ၁၀ တန်ကို သိမ်းခဲ့ပြီး မူးယစ်ကုန်ကူးသူလို့ သံသယ ရှိတဲ့လူ ၁၆ ယောက်ကို ဖမ်းခဲ့တယ်လို့ မက္ကဆီကို အာဏာပိုင်တွေက အောက်တိုဘာ ၂၂ ရက်နေ့က ပြောပါတယ်။ မက္ကဆီကိုနိုင်ငံ တီဟွာနာမြို့ကနေ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စန်တီယေဂိုမြို့တို့ကို ချိတ်ဆက်ထားတဲ့ ဒီဥမင်ဟာ မီတာ ၈၀၀ ရှည်ပါတယ်။ တီဟွာနာမြို့တွင်းက ကုန်လှောင်ရုံတွေနဲ့ပါ ချိတ်ဆက်ထားတယ်လို့ မက္ကဆီကို ပြည်ထောင်စုရဲက သတင်းထုတ်ပြန်ပါတယ်။ မက္ကဆီကို  ထောက်လှမ်းရေး အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ ပြည်ထောင်စု ရဲတပ်ဖွဲ့က ကုန်လှောင်ရုံတွေထဲကို ကုန်ကားတွေ ဝင်ချည်ထွက်ချည် လှုပ်ရှားမှုတွေ စိပ်လာတာကို သတိထားမိရာက ခုလို ရှာတွေ့တာပါ။ သီတင်းပတ်တွေနဲ့ချီပြီး စုံစမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ ကုန်လှောင်ရုံ ကြမ်းပြင်မှာ ဥမင်ဝင်ပေါက်ကို တွေ့ခဲ့ပြီး အောက်ခြေကို ၃၂ ပေထိ ဆင်းရကြောင်း၊ လျှပ်စစ်နဲ့ လေဝင်ပေါက်တွေ ထည့်ဝင်တည်ဆောက်ထားပါတယ်။ ဖမ်းမိသူတွေဟာ စီနာလူအာပြည်နယ်က အများစုဖြစ်ပြီး တဦးကတော့ တီဟွာနာ မြို့ကလို့ ဆိုပါတယ်။ ဂျာလစ်စကိုပြည်နယ်က မူးယစ်ကုန်ကူးဂိုဏ်းအတွက် အလုပ်လုပ်ပေးနေတယ်လို့ သူတို့က အာဏာပိုင်တွေဆီမှာ ဝန်ခံခဲ့ကြပါတယ်။ တီဟွာနာမြို့ဟာ မက္ကဆီကိုကနေ ကယ်လီဖိုးနီးယားကို မူးယစ်ဆေး ဝင်ပေါက် ဖြစ်နေပါတယ်။ အာဏာပိုင်တွေက အလားတူ ဥမင် အတော်များများကိုလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ရှာတွေ့ခဲ့ပါတယ်။
5 years Ago
Up