တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းခရိုင်၊ ကွီယင်ဒေသ တောင်ကြားထဲက စခန်းတခုမှာ မက်သာအဖက်တမင်း ကီလို ၈၃၀ နဲ့အတူ သံသယဖြစ်ဖွယ် လူ ၁၀ ဦးကို ရဲတွေက ဖြိုခွဲဖမ်းဆီးခဲ့ပါတယ်။
အဲဒီနေရာဟာ တောင်ကုန်းတွေဝန်းရံနေတဲ့ လျှို့ဝှက်နေရာတခုဖြစ်ပြီး တောင်ကုန်းတွေပေါ်မှာ ရှေ့တန်းကင်းစခန်း ၂ ခု ရှိတယ်လို့ စီစီတီဗွီသတင်းမှာ နိုဝင်ဘာ ၃ ရက်နေ့က ဖော်ပြပါတယ်။
ရဲတွေဟာ အဲဒီရှေ့တန်းစခန်း ၂ ခုကို ဖြိုခွဲပြီးချိန်မှာ သံသယရှိသူတွေကို ဖမ်းဆီးဖို့ ၁ ကီလိုမီတာလောက် လမ်းလျှောက်ခဲ့ကြရတာပါ။
ပင်မစခန်းနေရာဆီ ရဲတွေရောက်ရှိချိန်မှာ တရားမ၀င် မှောင်ခိုအဖွဲ့ဝင်တွေဟာ မက်သာအဖက်တမင်း မူးယစ်ဆေးဝါးတွေကို ထုပ်ပိုးအလုပ်ရှုပ်နေချိန်ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
အဲဒီအမှုကို လောလောဆယ်မှာတော့ ဆက်လက်စုံစမ်းလေ့လာနေဆဲ ဖြစ်ပါတယ်။
7 years Ago