မူးယစ်မှုဖြင့် ထောင် ၁၁ နှစ်ကျနေသည့် တောင်ကိုရီးယားနိုင်ငံသားကို ကောင်စစ်ဝန်တွေ့ဆုံ

January 18, 2018

မူးယစ်မှုဖြင့် ထောင် ၁၁ နှစ်ကျနေသည့် တောင်ကိုရီးယားနိုင်ငံသားကို ကောင်စစ်ဝန်တွေ့ဆုံ  

  စိတ်​ကြွရူးသွပ်​​ဆေးပြားလက်​ဝယ်​​တွေ့ရှိမှုနဲ့ ​တောင်​ငူ​ထောင်​မှာ ထောင်ဒဏ် ၁၁ နှစ် ပြစ်​ဒဏ်​ကျခံ​နေရတဲ့ တောင်ကိုရီးယားနိုင်​ငံသား လီဆန်ဘိုအမ်ကို ​ကောင်​စစ်​ဝန်က တောင်ငူထောင်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီက​နေ့ မနက်​ပိုင်းက မြန်​မာနိုင်​ငံဆိုင်​ရာ ကိုရီးယား​ကောင်​စစ်​ဝန်​ ရှင်ဂျောင်ဟွန်းက  ပဲခူးတိုင်း ​တောင်​ငူအကျဉ်းထောင်မှာ တစ်​နာရီနီးပါး လာ​ရောက်​​ ​တွေ့ဆုံခဲ့တာပါ။ ကိုရီးယားကောင်စစ်ဝန်က “​ထောင်​အာဏာပိုင်​တွေကို ပြစ်​ဒဏ်​ကျခံ​နေရတဲ့ မိမိတို့ နိုင်​ငံသားဟာ ပြစ်​မှုကို အမှန်​တကယ်​ကျူးလွန်​ထားခြင်းမရှိဘဲ ပြစ်​ဒဏ်​ကျခံ​နေရတဲ့အတွက်​ အယူခံတင် ​သွားမယ်”လို့ ပြောပါတယ်။ အကျဉ်း​ထောင်​ထဲမှာလည်း ပြစ်​ဒဏ်​အမျိုးမျိုးကျခံ​နေရတဲ့ အကျဉ်းသားတွေ ရှိ​နေ တာ​ကြောင့် ကိုရီးယားအကျဉ်းသားရဲ့ လုံခြုံ​ရေးကို ဂရုစိုက်​​ပေး​စေလို​ကြောင်းနဲ့ အကျဉ်းသား မှာ လည်​​ချောင်းကင်​ဆာ​ရောဂါနဲ့ပတ်​သတ်ြ​ပီး ​ဆေးဝါးများ​သောက်​သုံး​နေရ​ကြောင်း၊ ကျန်းမာ​ရေးအတွက်​ လိုအပ်​ပါက ​ထောင်​တွင်း​ဆေးရုံကို​ ပြောင်း​ရွှေ့ထား​ပေး​စေလို​ကြောင်း လာ​ရောက်​​ပြောကြားခဲ့တယ် ​လို့ သိရပါတယ်​။ အဆိုပါကိုရီးယားနိုင်​ငံသားကို ၂၀၁၇ ဒီဇင်​ဘာ ၂၆ ရက်​​က​ တောင်​ငူခရိုင်​ တရားရုံးက  မူးယစ်​​ဆေးဝါးနှင့် စိတ်​ကို​ပြောင်းလဲ​စေ​သော ​ဆေးဝါးများဆိုင်​ရာ ဥပ​ဒေပုဒ်​မ ၁၉ (က) အရ အလုပ်​​ကြမ်းနှင့်​​ထောင်​ဒဏ်​ (၁၁) နှစ် ​အမိန့်​ချမှတ်​ခဲ့တာဖြစ်​ပါတယ်​ ၂၀၁၆အောက်တိုဘာလ ၁၉ ရက်က တောင်ငူမြို့ ထီးလှိုင်ကွန်ကရစ်လမ်းမပေါ်ရှိ အမြန်လမ်းမီနီတိုးဂိတ်မှာ တောင်ကိုရီးယား နိုင်ငံသား မစ္စတာလီ မောင်းနှင်လာတဲ့ ယာဉ်ကို ရပ်တန့်ရှာဖွေရာက WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၆၇၈ ပြားကို ရှာဖွေတွေ့ရှိတဲ့အတွက် အမှုဖွင့် ဖမ်းဆီး တရားစွဲဆိုခဲ့တာဖြစ်​ပါတယ်​။ သားကြီး(​တောင်​ငူ)
3 years Ago
Up