မူးယစ်မှုဖြင့် အဖမ်းခံရသူ၏ ရွှေထည်​များ အတုဖြင့်လဲလှယ်ခံရမှု သတင်းစာရှင်းလင်း

February 10, 2019

မူးယစ်မှုဖြင့် အဖမ်းခံရသူ၏ ရွှေထည်​များ အတုဖြင့်လဲလှယ်ခံရမှု သတင်းစာရှင်းလင်း

မူးယစ်ဆေးဝါးမှုနဲ့ဖမ်းဆီးခံရတဲ့ အမျိုးသမီးတဦးထံက သိမ်းဆည်းခဲ့တဲ့ ရွှေလက်ကောက် အစစ်​တွေကို လက်​​ကောက်​အတုတွေနဲ့ လဲလှယ်​ခံခဲ့ရတာကြောင့် ဖေဖော်ဝါရီ ၉ ရက်​နေ့ က မန္တလေးမီဒီယာစင်​တာမှာ ဖမ်းဆီးခံရတဲ့ ဒ်ါမြင့်သိန်းရဲ့ မိသားစုဝင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်​။ ကွတ်ခိုင်မြို့က​နေ အလောင်းတော်ကဿပ ဘုရားဖူးသွားတဲ့ ဒေါ်မြင့်သိန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က (၁၆) မိုင်စစ်ဆေးရေးဂိတ်က မူးယစ်ဆေးဝါးတွေ ပါလာတယ်​ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်​။ ​ဒေါ်မြင့်သိန်းရဲ့ရွှေလက်ကောက် ၈ ကွင်း၊ လက်စွပ် ၂ ကွင်း၊ နားဋောင်း ၁ ရံ၊ ရွှေကလစ် ၁ ခုကိုပါ ဆက်​ပြီးသိမ်းခဲ့ပါတယ်​။ သိမ်းဆည်းခဲ့တဲ့ ရွှေထည်ပစ္စည်း လက်ဝတ်လက်ရတနာ​တွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပုသိမ်​ကြီးမြို့နယ်​ အုန်းချောရဲစခန်းက တာဝန်ရှိရဲတဦးက သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေ ပြန်ပေးရာမှာ လက်​​ကောက်​ ၈ ကွင်းမှာ အတုတွေ ပါလာတာလို့ သမီးဖြစ်​သူ မလှလှဝင်းက ​ပြောပါတယ်​။ “သိမ်းဆည်းခဲ့တဲ့ရဲက ကျမကိုပေးတော့ လက်ကောက် သုံးကွင်းက ကြီးနေတယ်​​​လေ။ ​နောက်ပြီး ကြေးရောင်ပေါက်နေတယ်။ အဲဒါနဲ့ပဲ အမေ့ကိုသွားပြီး ပြန်​ပြလိုက်​တယ်။ အ​မေက ၃ ကွင်းက လွဲ​နေတယ်။ ဒါမဟုတ်ဘူးလို့​ပြောတယ်​၊ တကယ်​ဆို သိမှာမဟုတ်​ဘူး​လေ။ အမေ့ အတွက် ရှေ့နေငှားဖို့ ငွေလို​နေလို့ သွားရောင်းလိုက်​​တော့ပဲ ၃ ကွင်းက အတုဖြစ်နေတယ်။ ဆိုတာကို​ သေချာသိလိုက်​ရတာ။” အခုကိစ္စကို ဒေါ်မြင့်သိန်းရဲ့ မိသားစုဝင်​တွေက နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်​ထဲ​ရေးဌာနနဲ့တကွ သက်​ဆိုင်​ရာဌာနအသီးသီးကို တိုင်ကြားထားခဲ့တာ​ကြောင့် စစ်ဆေးဖမ်းဆီးခဲတဲ့ ရဲအုပ်​ထွန်းလင်း​​အပါအဝင်​ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို စုံခုံဖွဲ့ပြီးစစ်ဆေး​နေ​ကြောင်း ပုသိမ်​ကြီးမြို​နယ်​ရဲတပ်​ဖွဲ့မှူးရုံး ရဲမှူး မျိုးညွန့်​သန်းက ​ပြောပါတယ်။
2 years Ago
Up