မူးယစ်မှုဖြင့်ဖမ်းထားသည့် အဆို​တော်​ ရသကို ချုပ်ရက်ရမန်ယူ

August 16, 2018

မူးယစ်မှုဖြင့်ဖမ်းထားသည့် အဆို​တော်​ ရသကို ချုပ်ရက်ရမန်ယူ

မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အဆို​တော်​ ရသ(ခ) ရဲမင်းသိန်း အပါအ၀င်း ၃ ဦးကို  သြဂုတ် ၁၅ ရက်က မန္တလေး ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ချုပ်​မိန့်​ရမန်​ ရယူပြီး သြဂုတ် ၂၇ ရက်ကို ရုံးချိန်း ပြန်ချိန်းလိုက်ပါတယ်။ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း၊ ၄၉ လမ်းနဲ့ လမ်း ၅၀ လမ်းကြားက နန်းထိုက်ပန် ဧည့်ရိပ်မွန်ကို ရဲတပ်ဖွဲ့က သတင်းအရဝင်ရောက် ရှာဖွေခဲ့ရမှာ ရဲမင်းသိန်း(ခ) ရသ၊ မျိုးတင့်နဲ့ ခေမီ(ခ) ဗာတားမီးတို့ကို  စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ​။ ဖမ်းဆီးခံရတာနဲ့ ပတ်သက်​ပြီး ရဲမင်းသိန်း(ခ) အဆိုတော် ရသကို မေးမြန်းရာနောက်မှ ဖြေကြားပေးသွားမယ်လို့ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ပြောကြားခဲ့ပါတယ်​။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ကျောက်မဲမြို့နေ ကိုသားကြီး ဆိုသူဆီက အပြား ၂၀၀ ပါ တစ်ထုပ်လျှင် ၈ သောင်းကျပ်နဲ့ ပြန်လည်ဖြန့်ဖြူးရောင်းချဖိုနဲ့ သုံးစွဲဖို့အတွက် ဝယ်ယူခဲ့ကြောင်းစစ်ဆေးပေါ်​ပေါက်​ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်​။ ဒါပေမယ့် ကိုသားကြီး ဆိုသူကို ဖမ်းဆီးရမိခြင်းရှိမရှိတော့ မသိရသေးပါဘူး။
5 years Ago
Up