မူအမ်ဘာ

January 19, 2022

အဲရစ်ဆင် ဘောလုံးပြန်ကစားမည်ကို စိုးရိမ်ကြောင်း နှလုံးပြဿနာရှိခဲ့ဖူးသူ မူအမ်ဘာ ပြော

ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင် ဘောလုံးပြန်ကစားမှာကို စိုးရိမ်ကြောင်း ဘော်တန်အသင်းမှာ ကစားစဉ်က နှလုံးဖောက်ပြီး လဲကျခဲ့ဖူးသူ မူအမ်ဘာက ပြောပါတယ်။

ဘော်တန်ကစားသမားဟောင်း မူအမ်ဘာဟာ ၂၀၁၂ ခုနှစ်က စပါးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပွဲချိန်အတွင်း နှလုံးဖောက်ပြီး လဲကျခဲ့ပါတယ်။

အဲဒီနှလုံးပြဿနာကြောင့် အသက် ၂၄ နှစ်အရွယ်မှာပဲ ဘောလုံးကစားသမားဘဝကနေ အနားယူခဲ့ရပါတယ်။ အဲရစ်ဆင်ဟာလည်း ဒိန်းမတ်အတွက် ကစားရင်း နှလုံးဖောက်ပြီး လဲကျခဲ့လို့ ဆေးကုသမှုခံယူခဲ့ရပြီး လက်ရှိအချိန်မှာ လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေတာပါ။

အဲရစ်ဆင်ကို ဒိန်းမတ်နည်းပြ သောမက်စ်ဖရန့်က ၆ လစာချုပ်နဲ့ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိ လာဖို့ရှိနေတာပါ။

မူအမ်ဘာကတော့ အဲရစ်ဆင် ဘောလုံးပြန်ကစားမှာက စိတ်လှုပ်ရှားစရာကောင်းပေမယ့် အားလုံး တွေးထင်သလို စိုးရိမ်မှုတစ်ခုတော့ ဆက်ရှိနေမှာဖြစ်တယ်လို့ ပြောပါတယ်။

“ဒါလေဘလင်းက နှလုံးစက်တပ်ပြီး အမြင့်ဆုံးအဆင့် ပြိုင်ပွဲတွေ ကစားနေနိုင်တာက မှန်ပါတယ်။ ဒါပေမဲ့ ဒါက ရုပ်ပိုင်းဆိုင်ရာအခြေအနေတင်မဟုတ်ဘဲ မိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ထည့်တွက်ရင် သူ့တို့အတွက် ခက်ခဲလိမ့်မယ်”လို့ မူအမ်ဘာက ပြောပါတယ်။

5 months Ago
Up