မူလတန်းလက်ထောက်ဆရာ

May 21, 2020

COVID-19 ကာလ ထိုင်းတွင် မူလတန်းလက်ထောက်ဆရာ ၁၀,၀၀၀  အငှားခန့်ထားမည်

ထိုင်းနိုင်ငံမှာ COVID-19 ကပ်ဘေးကာလအတွင်း ပညာရေးဝန်ကြီးဌာနအနေနဲ့ မူလတန်း လက်ထောက်ဆရာ ဆရာမဦးရေ ၁၀၀၀၀ အငှားခန့်အပ်သွားဖို့ ရှိနေတယ်လို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ ကပ်ဘေးကာလမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ သင်ကြားရေးဝန်ထမ်းတွေကို တဖက်တလမ်းက ကူညီရာရောက်ပြီး လက်ထောက်ဆရာ ဆရာမတွေအနေနဲ့ ၆ လတာကာ လအတွက် လစဉ်ကြေး ဘတ် ၉,၀၀၀ ပေးသွားမယ့် အစီအစဉ်ဖြစ်တယ်လို့ ထိုင်းပညာ ရေးဝန်ကြီး နာတဖိုလ်ထိဆူဝမ်က ပြောပါတယ်။ အဲဒီအတွက် ဘတ်ဂျတ်ငွေ ဘတ်သန်း ၅၀၀ ထားရှိပြီး ဒါဟာ ဆရာဆရာမဦးရေ ၁၀၀၀၀ ဝန်းကျင်ကို ခန့်အပ်နိုင်ဖို့ လုံလောက်တယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ဟာ ထိုင်းဝန်ကြီးချုပ်ရဲ့ ညွှန်ကြားမှုနဲ့ COVID-19 ကပ်ဘေးကာလအတွင်း အလုပ်လက်မဲ့တွေကို ကူညီနိုင်ရေးစီမံချက်တရပ်အနေနဲ့ မေလ ၂၀ ရက်မှာ ဝန်ကြီးဌာနတွေ အားလုံးလုပ်သင့်တဲ့ အစီအစဉ်အနေနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးက အသစ်ထပ်မံ ခန့်အပ်လိုက်တဲ့ ဆရာ ဆရာမတွေအနေနဲ့ စာသင်ကျောင်းတွေမှာ အကျိုးရှိရှိ အသုံးချနိုင်မှာဖြစ်ပြီး အရင်က ကျောင်းသား ၂၀ မှာ ဆရာဆရာမ ၁ ယောက်အချိုးကနေ ကျောင်းသား ၂၀ မှာ ဆရာဆရာမ ၃ ယောက်အချိုးအထိ မြင့်တက်လာစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
11 months Ago
Up