မူလတန်းပြဆရာ

June 8, 2021

ဝက်လက်မြို့နယ်က မူလတန်းပြ ဆရာ ၄၀၀ ကျော်နှင့် ဝန်ထမ်း ၆၀ ကျော် အလုပ်ထုတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်က အခြေခံပညာ မူလတန်းပြ ဆရာ/ဆရာမ ၄၉၃ ယောက်နဲ့  ကျောင်း/ရုံးဝန်ထမ်း ၆၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက အလုပ်မှထုတ်ပယ်လိုက် ပါတယ်။

အဆိုပါ ပညာရေးဝန်ထမ်းတွေဟာ ခွင့်စည်းကမ်းဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ အမိန့် ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်တာတွေကြောင့် ရာထူးကနေထုတ်ပယ် (Removal) လိုက်တယ်လို့ ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ 

ဝက်လက်မြို့နယ်မှာ အခြေခံပညာ မူလတန်း ဆရာ/ဆရာမ ၅၀၀ ကျော်အထိ CDM ပြုလုပ်ထားပေမဲ့ တချို့က Non CDM ပြန်ဝင်သွားကြသလို ၊ တချို့ Non CDM တွေကလည်း  CDM ပြုလုပ်လာကြတယ်လို့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

7 months Ago
Up