မူလတန်းကျောင်

May 25, 2020

ဗြိတိန်ရှိ မူလတန်းကျောင်းအချို့ ဇွန် ၁ ရက် ပြန်ဖွင့်ရန်စီစဉ်

ဗြိတိန်မှာ မူလတန်းကျောင်းတချို့ကို ဇွန်လ ၁ ရက်မှာ ပြန်ဖွင့်ဖို့ စီစဉ်နေတယ်လို့  ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မေလ ၂၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။   ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ ချမှတ်ထားတဲ့ အသွားအလာကန့်သတ်ရေး  လော့ဒေါင်း အစီအမံ တချို့ကို  ဗြိတိန်အစိုးရက ဖြေလျှော့ဖို့  ကြိုးပမ်းနေပါတယ်။   ကျောင်းတွေကို စောစောပြန်ဖွင့်တဲ့အတွက် လုံခြုံရေးကို စိုးရိမ်ပူပန်မိတယ်လို့ ဆရာများ သမဂ္ဂတွေက ပြောဆိုထားပါတယ်။  ဒါ့အပြင် လော့ဒေါင်းချထားချိန်မှာ  ခရီးသွားခဲ့တဲ့   ဂျွန်ဆင်ရဲ့   အကြီးတန်း အကြံပေး  ဒေါမနစ်-ကမ်မင်းစ်  ဝေဖန်ခံနေရချိန်မှာ  ဂျွန်ဆင်က ကမ်မင်းစ်ဘက်ကနေ ထောက်ခံပြောဆိုလိုက်ပါတယ်။    ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ်ပါတီအတွင်းမှာပဲ  ကမ်မင်းစ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုတာတွေ ရှိပေမယ့်  ဝန်ကြီးချုပ်ရုံးက ကမ်မင်းစ်ဟာ   သူရဲ့ လေးနှစ်အရွယ် သားငယ်ကို ဆွေမျိုးတွေ ကောင်းကောင်း စောင့်ရှောက်ရဲ့လားဆိုတာ သိရှိဖို့ ခရီးသွားခဲ့တာလို့ ပြောပါတယ်။   သန်းနဲ့ချီတဲ့ ဗြိတိန်ပြည်သူတွေ အိမ်ထဲမှာနေပြီး  ဆွေမျိုး မိတ်သင်္ဂဟတွေနဲ့  အဆက်အသွယ် ဖြတ်ထားချိန်မှာ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ အကြီးတန်းအကြံပေး ကမ်မင်းစ်ဟာ လော့ဒေါင်းစည်းမျဉ်းတွေကို ချိုးဖောက်ပြိး  လန်ဒန်ကနေ ဒါဟမ်မြို့အထိ ကီလိုမီတာ ၄၀၀ ခရီးကို သွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
11 months Ago
Up