မူလစီစဉ်ထားသည့်ကွင်

July 10, 2020

တိုကျိုအိုလံပစ်ပြိုင်ပွဲ မူလစီစဉ်ထားသည့်ကွင်းများ၌ ကျင်းပရန် တာဝန်ရှိသူများ လိုလား

၂၀၂၁ ခုနှစ် ကျင်းပမယ့် တိုကျိူအိုလံပစ်ပြိုင်ပွဲမှာ မူလကစီစဉ်ထားသလိုပဲ ကွင်းအားလုံးမှာ ကျင်းပနိုင်မယ်လို့ သိရပါတယ်။   တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ အခုနှစ် ဇူလိုင်လတွင်းမှာစတင်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်-၁၉ကပ် ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်မှာစတင်ကျင်းပဖို့ ပြောင်းလဲသတ်မှတ်ခဲ့တာပါ။  မူလက ကျင်းပမယ့်ကွင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်သာ လုံခြုံစိတ်ချရမှုရှိပြီး အားကစားရွာနဲ့ မီဒီယာစင်တာတွေမှာတော့ လိုအပ်ချက်တွေရှိသေးတယ်လို့ ပြိုင်ပွဲကျင်းပရေး အမှုဆောင်အရာရှိ ချုပ် တိုရှီယိုမူတိုက ပြောခဲ့ဖူးတာပါ။ လက်ရှိအချိန်တော့ ပြိုင်ပွဲကျင်းပချိန်မှာ မူလကစီစဉ်ထားသလိုပဲ အဆင်ပြေစွာနဲ့ ကျင်းပ နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။  ဒါ့အပြင် ပြိုင်ပွဲတွေကျင်းပမယ့် ပွဲဇဉ်ဇယားကိုလည်း ပြောင်းလဲမှာမဟုတ်ဘဲ ကြိုတင် လက်မှတ်ဝယ်ယူထားသူတွေကိုလည်း ငွေပြန်အမ်းဖို့ ရှိတယ်လို့သိရပါတယ်။  အဲဒီကိစ္စတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဇူလိုင် ၁၇ ရက်မှာ ပြုလုပ်သွား မယ်လို့သိ ရပါတယ်။ 
10 months Ago
Up