မူယစ်ဂိုဏ်း ၂ ခု

June 26, 2020

မက္ကဆီကိုရှိ မူယစ်ဂိုဏ်း ၂ ခုတိုက်ပွဲ လူ ၁၆ ဦးထက်မနည်း သေဆုံး

မက္ကဆီကိုနိုင်ငံ စင်နာလိုအာပြည်နယ်မှာ ဇွန်လ ၂၄ ရက်က ပြိုင်ဘက်မူးယစ်ဂိုဏ်းနှစ်ခု တိုက်ပွဲအတွင်း လူ  ၁၆ ယောက်ထက် မနည်းသေဆုံးတယ်လို့ ဒေသသတင်းတွေမှာ ဖော်ပြပါတယ်။ သေနတ်ပစ်ခတ်မှုဟာ ဘာဂရက်စီတို့အရပ်ရဲ့ ကျေးလက်ဒေသမှာ ဖြစ်ပွားခဲ့ပါတယ်။ စင်နာလိုဟာပြည်နယ်ဟာ မူးယစ်ရာဇာ အယ်ချပ်ပိုရဲ့မူးယစ်ဂိုဏ်းနယ်မြေဖြစ်ပြီး  မကြာခဏ ဆိုသလို ဂိုဏ်းတွေကြား နယ်မြေလုတိုက်ပွဲတွေ ဖြစ်ပေါ်တတ်ပါတယ်။  မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်  မတ်လ ၂၃  ရက်စပြီး လော့ဒေါင်း ချထားပါတယ်။    ဒါပေမဲ့  ဂိုဏ်းတိုက်ပွဲတွေက ဆက်ဖြစ်နေပြီး မတ်လအတွင်း လူသတ်မှုပေါင်း ၃၀၀၀ ရှိပါတယ်။    ဒါဟာ ဒုတိယလူသေဆုံးမှု အများဆုံးလဖြစ်သလို သမ္မတ အော်ဘရေဒို အာဏာရပြီး နောက်ပိုင်း လူသေဆုံးမှု  အများဆုံးလလည်း ဖြစ်ပါတယ်။  
10 months Ago
Up