မူဘာဒါလာ ကမ္ဘာ့ တင်းနစ်ချန်ပီယံ ပြိုင်ပွဲမှာ ဒေးဗစ်ဖာရာနဲ့ မိုင်လော့ ရိုနစ်တို့ ဆီမီးဖိုင်နယ် တက်ရောက်သွားပါပြီ။
ကမ္ဘာ့ အဆင့်အနိမ့်ဆုံး တင်းနစ်သမား ၄ ဦးနဲ့ ပွဲစခဲ့ပြီး ထိပ်တန်း ကစားသမား ရာဖာ နဒဲနဲ့ စတန်း ဝေါရီကာတို့က ဆီမီးဖိုင်နယ်အဆင့်မှာ ၀င်ပြိုင်မှာ ဖြစ်ပါတယ်။
ဖာရာနဲ့ ပြင်သစ်က ဇို ဝေးဖရိုင်းဆွန်တို့ ပွဲကတော့ တဘက်သတ် ဆန်ပါတယ်။
၅၄ မိနစ်မှာပဲ ကမ္ဘာ့အဆင့် ၇ စပိန်ကစားသမားက ၆-၁၊ ၆-၁ နဲ့ အနိုင်ရရှိသွားတာပါ။
ဇန်န၀ါရီ ၁ ရက်နေ့ ပွဲမှာတော့ ဖာရာနဲ့ နဒဲတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ရိုနစ်ကတော့ တောင်အာဖရိက တင်းနစ်သမား ကာဗင် အန်ဒါဆင်ကို ၆-၃၊ ၆-၄ နဲ့ နိုင်ပြီး ဆီမီးမှာ ဝေါရင်ကာနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
7 years Ago