မူဆာ ဒမ်ဘီလီ

A d v e r t i s e m e n t With Us

January 3, 2020

တိုက်စစ်မှူး ဒမ်ဘီလီအတွက် ချဲလ်ဆီးကမ်းလှမ်းမှု လိုင်ယွန်ပယ်ချ

တိုက်စစ်မှူး မူဆာ ဒမ်ဘီလီအတွက် ချဲလ်ဆီးအသင်းရဲ့ ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းမှုကို လိုင်ယွန်အသင်းက ပယ်ချခဲ့တယ်လို့ Sky Sports သတင်းမှာ ဖော်ပြပါတယ်။  အသင်းရဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းဖို့ ချဲလ်ဆီးအသင်းက ဒမ်ဘီလီကို ခေါ်ယူချင်နေပေမဲ့ လိုင်ယွန်ဘက်ကတော့ သူတို့ရဲ့တိုက်စစ်မှူးကို အသင်း မှာ ဆက်ထိန်းသွားဖို့ ဆန္ဒရှိနေပါတယ်။ ဆဲလ်တစ်တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ ၁၈ လလောက်မှ လိုင်ယွန်အသင်းကို ပေါင်သန်း ၂၀ နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လီဂူးဝမ်းအသင်းအတွက် ဂိုးပေါင်း ၃၀ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။  သူဟာ ချဲလ်ဆီးအသင်းရဲ့ ဇန်နဝါရီအပြောင်းအရွှေ့ ပစ်မှတ်တွေထဲက တခုဖြစ်ပြီးတော့  လိုင်ယွန်အသင်းရဲ့ အနေအထားကြောင့် ချဲလ်ဆီးအသင်းဟာ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးအတွက်  ပေါင် ၃၄ သန်းထက်ပိုပြီး အသုံးပြုရတော့မှာပဲဖြစ်ပါတယ်။  လိုင်ယွန်အသင်းက အခုချိန်ထိ သူတို့တိုက်စစ်မှူးကို ရောင်းမထုတ်ဘူးလို့ အခိုင်အမာပြောဆိုပြီး မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်တစောင်မှာ  လဲဒီအချက်ကို သိသာထင်ရှားစေခဲ့ပါတယ်။  “အခုအပြောင်းအရွေ့မှာ မူဆာဒမ်ဘီလီကို ခေါ်ယူဖို့ တခြားအသင်းတွေဘက်က စိတ်ဝင်စားနေတာကို သတင်းမီဒီယာတွေကနေတဆင့် သိခဲ့ရပါတယ်။ လိုင်ယွန်အသင်းအနေနဲ့ ထပ်မံအတည်ပြုလိုတာကတော့ ဒမ်ဘီလီကို ဒီအပြောင်းအရွှေ့အသင်းမှာပဲ ဆက်ထိန်းသိမ်းသွား  လိုတာပါ။ အသင်းဘက်က တိုက်စစ်မှူးအပေါ် ယုံကြည်မှုရှိနေပြီး သူနဲ့အတူလာမယ့်ရာသီတွေမှာ အောင်မြင်တဲ့ အသင်းတသင်းအဖြစ် တည်ဆောက်သွားမှာဖြစ်ပါတယ်” လို့ လိုင်ယွန်အသင်းဘက်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။  ချဲလ်ဆီးအသင်းရဲ့တိုက်စစ်မှူးတဦးဖြစ်တဲ့ အိုလီဗီယာ ဂျရူးဟာ အခုအ ပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေတာကြောင့် နည်းပြလမ်းပတ်အနေနဲ့ တိုက် စစ်မှူးတဦးကို ရှာဖွေနေတာဖြစ်ပါတယ်။  မူဆာဒမ်ဘီလီရဲ့ ကစားပုံဟာချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး ဟောင်းဒီဒီယာ ဒရော့ဘာနဲ့ ဆင်တူနေတာကြောင့် သူဟာချဲလ်ဆီးအသင်းရဲ့ အဓိကပစ်မှတ်ဖြစ်လာ တာ ဖြစ်ပြီး လိုင်ယွန်အသင်းရဲ့ ရပ်တည်ချက်ကြောင့် ဒီအပြောင်းအရွေ့ဟာ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင် းလာပြီ  ဖြစ်ပါတယ်။  ဒမ်ဘီလီဟာ လိုင်ယွန်အသင်းကို ပြောင်းရွေ့မလာခင် ဆဲလ်တစ်အသင်းနဲ့အတူ စကော့တလန်  မြေမှာအောင်မြင်မှုများစွာရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလဲဖြစ်ပါတယ်။ ဆက်စပ်သတင်းတွေ အရ ချဲလ်ဆီးအသင်းရဲ့ နောက်ထပ်တိုက်စစ်မှူးဦးဖြစ်တဲ့ မီချီ ဘတ်ရူဝါရီကို အက်စတွန်ဗီလာအသင်းက  အငှားနဲ့ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရတယ်။ 
1 year Ago
Up