မူဆယ်မြို့

May 26, 2021

မူဆယ်မြို့ ၃ နေရာတွင် တစ်ပြိုင်တည်း ပေါက်ကွဲမှုဖြစ်ပွား

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ မေလ ၂၆ ရက်  ဒီကနေ့ ညနေ ၃ နာရီက နေရာ သုံး‌နေရာ တပြိုင်တည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ 

ဒေသခံတဦးက " အ ထ က ၃ အနောက်ဘက် အိမ်ရာရယ်၊ ဆေးရုံအရိုးကုဆောင်ထပ်က အိမ်သာနားရယ်၊ နောက်တစ်နေရာက ကျနော်လည်း မရောက်နိုင်ဘူး။ စရဖ ရုံးနဲ့ စစစ လုံးရုံးကြားနားတစ်လုံး လို့ပြောတယ်။ လူသူ ထိခိုက်မှုတော့ မရှိဘူး" လို့ ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ရာနေရာကို ရဲနဲ့ စစ်တပ်က သွားရောက် စစ်ဆေးခဲ့ပါတယ်။

ဒီမနက်ပိုင်းကလည်း မူဆယ်မြို့မဈေးမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် သီချင်းဆို အလှူခံနေတဲ့ လူငယ်တွေကို အရပ်ဝတ် ဝတ်ဆင်သူတွေက ဖမ်းဆီးသွား​ပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။

ဒီမနက်ပိုင်းမှာပဲ မူဆယ်ခရိုင် ကွက်ခိုင် ရှုခင်းသာတဝိုက် စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရှေ့မြောက် စီးပွားရေး လမ်းမကြီးမှာ ကားအတက်အဆင်း ခဏရပ်ထားရခဲ့ရပြီး နေ့ခင်းပိုင်းမှ ပုံမှန်သွားလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

4 weeks Ago

January 6, 2021

မူဆယ်မြို့ရှိ ပြည်သူ့စစ်နေအိမ်နှင့်ရုံး ပစ်ခတ်တိုက်ခိုက်ခံရ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ပြည်သူ့စစ်အဖွဲ့ဝင်ရဲ့ နေအိမ်တချို့နဲ့ ရုံးတို့ကို လက်နက်ကိုင်လူတစ်စုက ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီး/ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့ တယ်လို့ မူဆယ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး  မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသူရိန်က "လူတွေတော့ ဘာမှ မဖြစ်ပါဘူး။ ပြည်သူ့စစ်တွေရဲ့နေအိမ်တွေကို အပြင်ကနေ လက်နက်နဲ့ ပစ်တာပါ”လို့ ပြောပါတယ်။ အလားတူ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ တာမိုးညဲပြည်သူ့စစ်နဲ့ ပြိန်းဆာပြည်သူ့စစ်အဖွဲ့တွေ နေထိုင်ရာ နေအိမ်ကို ပြောက်ကျားဝတ်စုံဝတ်ထားတဲ့ လက်နက်ကိုင်လူတစ်စုက မော်တော်ယာဉ်နဲ့ ရောက်လာပြီး ၄၀ မမ ဗုံးသီးတွေ၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးသူရိန်က ပြောပါတယ်။ လက်နက်ကြီးငယ်နဲ့ ပစ်ခတ်မှုကြောင့်  ထိခိုက်ဒဏ်ရာရသူမရှိပေမယ့်လည်း နေအိမ်ခြံဝင်း တံခါး၊ မှန်တံခါး တို့ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းကလည်း မူဆယ်မြို့ရှိ ပြည်သူ့စစ်နေအိမ်တချို့ အသံမိုင်းပစ်ထည့်တဲ့ ဖောက်ခွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ သတင်း - Pra jaw
6 months Ago
More News
Up