မူဆယ်ညသပိတ်

March 28, 2021

မူဆယ် ညသပိတ်ကျင်းပ၊ ကျဆုံးအလောင်းများ အကြမ်းဖက်ရဲတပ်ဖွဲ့က ယူဆောင်သွား

မူဆယ်မြို့မှာ မတ်လ ၂၇ ရက် မနက်က အကြမ်းဖက် စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တို့က ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့တာကြောင့် ၃ ဦးကျဆုံးခဲ့ပါတယ်။

ပစ်ခတ်ဖြိုခွင်းခံရပြီးနောက် ပြည်သူတွေက လူပြန်စုပြီး နေ့ရော ညပါ စစ်အာဏာရှင် စနစ်ကို အလိုမရှိကြောင်း ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ညဘက်မှာလည်း ညသပိတ် ကျင်းပခဲ့ပါတယ်။

ကျဆုံးသွားတဲ့ ဆန္ဒပြသူတွေရဲ့ အလောင်းတွေကို အကြမ်းဖက်ရဲတပ်ဖွဲ့က ယူဆောင်သွားပြီး ပြည်သူတွေ ဘက်က ပြန်မရခဲ့ဘူးလို့ ပါဝင်သူတွေက ပြောပါတယ်။

8 months Ago
Up