မူဆယ်

November 14, 2022

မူဆယ်တွင် ဗုံးပေါက်ကွဲ (ရုပ်သံ)

ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့  ကောင်းမူးတုံရပ်ကွက်မှာ နိုဝင်ဘာ ၁၄ ရက် မနက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ 

ကောင်းမူးတုံရပ်ကွက် မင်္ဂလာမူဆယ်လမ်းမကြီးပေါ်မှာ ဒီမနက် ၁၁ နာရီ မိနစ် ၂၀ လောက်က ပေါ်က်ကွဲတာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူလည်း ရှိနိုင်တယ်လို့ သိရပါတယ်။

“မင်္ဂလာမူဆယ်လမ်းမကြီး ဆင်ဖြူဂိတ်ဘက်ကို သွားတဲ့လမ်းပေါ်မှာ ဖြစ်သွားတာပါ။ ဒီကနေ့မနက် အဲဒီနားမှာ ပြည်သူ့စစ်တွေက လမ်းသွားလမ်းလာတွေ စောင့်ကြပ်စစ်ဆေးနေရင်း ဖြစ်သွားတာ။  ပြည်သူ့စစ်တစ်ယောက် လဲကျသွားတယ်။ ထိခိုက်ဒဏ်ရာ ရမရတော့ မသိဘူး ”

ဒီနေ့ မနက် ၁၁ နာရီကျော်လောက်မှာ ပေါက်ကွဲသံ ၃ ကြိမ်လောက်ကြားပေမယ့် နောက်ထပ် ဘယ်နေရာမှာ ပေါက်လဲဆိုတာ သေချာမသိဘူးလို့ မူဆယ်ဒေသခံက ပြောပါတယ်။ 

မူဆယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း စည်ပင်ဈေးကြီးအနီး ဗုံးပေါက်လို့ အမျိုးသမီး တယောက် သေဆုံးကာ ယာဉ်ထိန်းရဲနဲ့ ပြည်သူ့စစ်ပါ ၃ ယောက် ထိခိုက်ဒဏ်ရာရတဲ့နောက် လမ်းပေါ်က ယာဉ်အသွားအလာတွေကို ပြည်သူ့စစ်တွေက တားဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။ 

မူဆယ်မှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တို့အပြင် KIA၊ SSPPနဲ့ TNLA စတဲ့ လက်နက်ကိုင်အဖွဲ့ တွေရှိပေမဲ့ ဘယ်အဖွဲ့ကမှ ပြည်သူတွေရဲ့ လုံခြုံရေးကို မယူပေးနိုင်ဘူးလို့ မူဆယ်ဒေသခံက ပြောပါတယ်။

2 weeks Ago

October 19, 2022

မူဆယ် ၁၀၅ မိုင်တွင် တပ်ရင်းမှူး ၁ ဦး ပစ်သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်၊ အထက်တုန်ခန်ရွာနားက ကားဝပ်ရှော့တခုမှာ အောက်တိုဘာ ၁၈ ရက် ညနေပိုင်း ၃ နာရီခွဲကျော်က တပ်ရင်းမှူး ၁ ဦး ပစ်သတ်ခံရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ခလရ ခြေလျင် ၄၁၂ တပ်က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးပြည့်ဖြိုးအောင် သေနတ်နဲ့ ၇ ချက် ပစ်ခံရတာလို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

“၃ နာရီခွဲဝန်းကျင်မှာ တုန်ခန်နားမှာ စစ်ဗိုလ်တယောက် ပစ်ခံထားရတယ်။ ၇ ကြိမ် ပစ်ထားတယ်၊ တခါတည်း ပွဲချင်းပြီးတော့ မသေဘူး၊ ဒဏ်ရာပြင်းလို့ အသက်အန္တရာယ် စိုးရိမ်ရတယ်” လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။ 

“ကားပျက်လို့ သွားပြင်တဲ့အချိန် ပစ်ခတ်ခံရပြီး ဆေးကုသနေချိန် သေဆုံးသွားတာ။ ဘယ်သူက ပစ်ခတ်သွားသလဲ ဆိုတာကို မသိရသေးသလို တခြားဘယ်သူတွေ ထိခိုက်ဒဏ်ရာရသလဲ၊ ဘယ်နှယောက်ပါသွားလဲ ဆိုတာကို အတိအကျ မသိရသေးဘူး။ သူက ဘယ်သွားသွား အမြဲတမ်း တယောက်တည်း သွားတာ။ အရပ်ဝတ်နဲ့လျှောက်သွားနေတာ။ .... ၂ ရက်ရှိသေးတယ်။ သူ့ကို တယောက်တည်း မထွက်နဲ့လို့ သတိပေးလိုက်သေးတယ်” လို့ အဲဒီ ဗိုလ်မှူးကြီးနဲ့ ရင်းနှီးသူတဦးက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ ည ၁၀ နာရီကျော်လောက်ကလည်း ၁၀၅ မိုင်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတာကြောင့် ဒေသခံတွေ ကြောက်လန့်‌စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။ 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပို့ကုန်စစ်ဆေးရေးစခန်းအနီး ရပ်ကွက်ထဲ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် ညနေက အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦး အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်သတ်ခံခဲ့ရသလို အောက်တိုဘာ ၆ ရက်နေ့မှာလည်း မူဆယ်မြို့‌ နမ္မတူ မိတ္တူဆိုင်အနီးမှာ မြို့နယ်တရားသူကြီး ဦးမင်းရာဇာစိုးကို အမည်မသိ လက်နက်ကိုင် ၂ ဦးက ပစ်သတ်ခဲ့ပါတယ်။ 

အခု တပ်ရင်းမှူး ပစ်ခတ်ခံခဲ့ရတဲ့နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၁ မေ ၁၁ ရက် ညနေ ၅ နာရီလောက်လည်း ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်က ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ ၄ ချက် ပစ်ခတ်ခံခဲ့ပါသေးတယ်။

မူဆယ်မြို့နယ်မှာတော့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့ အဖွဲ့ ၂၀ နီးပါးအပြင် တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ KIA, PDF, TNLA, SSPP/ SSA, MNDAA အဖွဲ့တွေ သွားလာလှုပ်ရှားပြီး ၂၀၂၁ နောက်ပိုင်းမှာတော့ လောင်းကစားဝိုင်းတွေ ရာချီရှိလာပြီးအုပ်စုဖွဲ့ကာ လက်နက်နဲ့ ဓားပြတိုက်သူတွေလည်း ပေါများလာပါတယ်။

1 month Ago
More News
Up