မူစတာဖီ

October 27, 2020

အာဆင်နယ်အသင်း၏ သက်တမ်းတိုး ကမ်းလှမ်းချက်ကို မူစတာဖီ ငြင်းပယ်

အာဆင်နယ် နောက်ခံလူ မူစတာဖီဟာ အသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းတာကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီနောက်ခံလူ မူစတာဖီဟာ လက်စတာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရသွားတဲ့ ဒေးဗစ်လုဇ် နေရာမှာ ဝင်ကစားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂျေမီဗာဒီရဲ့ ဂိုးအပေါ်မှာ အပြစ်မကင်းခဲ့တဲ့ မူစတာဖီကို ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ Football London ရဲ့ ဖော်ပြချက်အရ ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မူစတာဖီကို အာဆင်နယ်က သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် မူစတာဖီက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ မူစတာဖီရဲ့ ဇနီးဖြစ်သူက အယ်လ်ဘေးနီးယားနဲ့ ဆွစ်ဇာလန် မိသားစုဝင်တွေဖြစ်ပြီး အနီးအနားက အီတလီမှာပဲ အခြေချဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကလည်း ဂျာမနီအခြေစိုက် ကင်းထောက်တစ်ဦးကို ငှားရမ်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်ရှိ ဗဟိုနောက်ခံလူ မူစတာဖီဟာ ၂၀၁၆ ခုနှစ်က ဗလင်စီယာကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အာဆင်နယ်အတွက် စုစုပေါင်း ၁၄၂ ပွဲမှာ ၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
7 months Ago

March 5, 2019

အာဆင်နယ်နောက်ခံလူ မူစတာဖီကို ကစားသမားဟောင်း ပီတစ် ဝေဖန်

အာဆင်နယ်နောက်ခံလူ မူစတာဖီကို ကြီးမားတဲ့ အမှားတွေရဲ့ ဘုရင်လို့ ကစားသမားဟောင်း ပီတစ်က ဝေဖန်လိုက်ပါတယ်။ အာဆင်နယ်ဟာ စပါးအသင်းနဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ မူစတာဖီက ဟယ်ရီကိန်းကို တွန်းခဲ့တာကြောင့် အာဆင်နယ်အသင်း ပယ်နယ်တီပေးခဲ့ရပြီး ချေပဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲထွက်လူစာရင်းမှာ မူစတာဖီကို အသုံးပြုခဲ့တဲ့အတွက် အံအားသင့်မိပြီး သူဟာ အမှားတွေ မကြာခဏ ကျူးလွန်လေ့ရှိတဲ့ အမှားတွေရဲ့ဘုရင် ဖြစ်တယ်လို့ ပီတစ်က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်ကစားသမား ပီတစ်ဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရယူဖူးသလို ပြင်သစ်အသင်းနဲ့လည်း ၁၉၉၈ ကမ္ဘာ့ဖလား ရယူခဲ့ဖူးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဟောင်းတဦး ဖြစ်ပါတယ်။
2 years Ago
Up