မုံရွာ အမြင့်လမ်းခွဲ

June 28, 2021

မုံရွာအမြင့်လမ်းခွဲတွင် ဗုံးကွဲ၊ စစ်ကောင်စီတပ်သား ၁ ဦးနှင့် ရဲ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဗိုလ်ချုပ်လမ်းဘေးနဲ့ အမြင့်လမ်းခွဲမှာ ဇွန် ၂၈ ရက် မနက် ၇ နာရီခွဲက ဗုံးပေါက်ကွဲ တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ရဲ ၁ ဦး ဒဏ်ရာရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

“သူတို့ဆိုင်ကယ်လိုင်စင်၊ ကားလိုင်စင်စစ်ဆေးတဲ့နေရာ အဲဒီနား စစ်တပ်ကားလာပြီး လူတွေ ဆင်းရပ်နေတုန်း ဗုံးပေါက်ကွဲသွားတယ်။ စစ်သား တစ်ဦးနဲ့ ရဲတစ်ဦးမှာ ဝမ်းဗိုက်နဲ့ မျက်နှာတွေ ထိသွားတယ်။”

ဗုံးပေါက်ကွဲပြီး တော်ဝင်ကျောက်စိမ်းဟိုတယ်အနီး စစ်တပ်ကားတွေ ထပ်မံရောက်ရှိနေတာ ကြောင့် နတ်လူထိပ္ပန်ရပ်ကွက်နဲ့ ရွှေကုန်းရပ်ကွက်က ပြည်သူတွေ စိုးရိမ်နေတယ်ကြတယ်လို့ လည်း ဒေသခံက ပြောပါတယ်။

7 months Ago
Up